Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအလိုကျ ပြည်သူအပေါ် ပုံစံမျိုးစုံဖိနှိပ်နေသည့် ဝန်ထမ်းများကိုရှင်းလင်းမည်ဟု မန္တလေး PDF သတိပေး

စစ်ကောင်စီ လက်အောက်ခံ တစ်ဦးချင်း၏ လုပ်ဆောင် ချက်အလိုက် ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်းကို ကြိုတင်သတိပေးသည့် အနေဖြင့် ဤစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

(မန္တ​လေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများကို ရဲများက ပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁ ​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူများအပေါ် ပုံစံမျိုးစုံဖြင့် ဖိနှိပ်နေသည့် ဝန်ထမ်းများကို ရှင်းလင်းသွားမည်ဟု မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ယနေ့ ထုတ်ပြန်သည်။

မန္တလေးတိုင်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ အလိုကျ ပြည်သူများအပေါ်တွင် ညှဉ်းပမ်းနှိပ်စက်မှုများ မတရားသဖြင့် အခွန်ကောက်ခံမှုများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအား အကြောင်းပြု၍ ငွေကြေးတောင်းခံမှုများ ပြည်သူအိုးအိမ် ပစ္စည်းများကို အကြောင်းမဲ့ ဖျက်ဆီးမှုများအား ဆက်လက်ဆောင်ရွက်လုပ်ဆောင်နေမည်ဆိုပါက မိမိတို့ အနေဖြင့်ထိရောက်သည့် အပြစ် ပေးရှင်းလင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ တစ်ဦးချင်း၏ လုပ်ဆောင် ချက်အလိုက် ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်းကို ကြိုတင်သတိပေးသည့် အနေဖြင့် ဤစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီများ ရှိရောနေရာများမှ တက်နိုင်သသမျှ ရှောင်ကွင်းသွားလာကြရန် ကြိုတင် အသိပေး တောင်းပန်အပ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။