Connect with us

Hi, what are you looking for?

News

တာဟန်းသပိတ်ခံတပ်ဖြိုခွင်းခံရသည့် တစ်နှစ်ပြည့်တွင် ကလေးမြို့၌ ယနေ့ည ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေ

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမူများထဲတွင် ကလေးမြို့တာဟန်းရပ်ကွက်ရှိ သပိတ်ခံတပ်သည် အထင်ရှားဆုံးဖြစ်သည်။

၂၀၂၁ မတ် ၂၈ ရက်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်​မြေပြင်ကဲ့သို့တိုက်ခိုက်ဖြိုခွင်းခံခဲ့ရ​သောတာဟန်သပိတ်ခံတပ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် ယနေ့(မတ် ၂၈ ရက်)ည၈နာရီမှ စတင်ပြီး ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် နာမည်ကျော်သော ကလေးမြို့ရှိ တာဟန်း သပိတ်ခံတပ် ဖြိုခွင်းခံရပြီး စစ်ကောင်စီတပ်က ပြည်သူငါးဦးကို ရက်ရက် စက်စက်ပစ်သတ် ခဲ့သည့် တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့လည်း ဖြစ်သည်။

အသံတိသပိတ်ဆင်နွှဲစဥ်က က​လေးမြို့၊ ဓာတ်ပုံ – CJ

“ဒီည ကလေးမြို့ထဲးမှာ ဗျောက်အိုးတွေတစ်ညလုံး ခွဲပေးပါမယ်ဗျ။ ပြည်သူများ မလိုအပ်ပဲ။ အိမ်ပြင်မထွက်ကြဖို့ သတိပေးအပ်ပါသည်”ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း-၁ မှ တပ်သားတစ်ဦးက ၎င်း၏လူမူကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။

ပေါက်ကွဲသံများကို ၈နာရီခန့်တွင် ဆက်တိုက်ကြားနေရပြီး ၈နာရီခွဲခန့်တွင် ခေတ္တပြန်လည် ငြိမ်သက်သွားသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကလေးမြို့အနောက်ဘက်မှာ ၈နာရီခွဲလောက်မှ ခဏငြိမ်သွားတယ်။ ကျွန်တော်တို့က PDFကလေးတွေကိုပဲ စိတ်ပူပါတယ်။”ဟု ကလေးမြို့ခံ တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်က ​ဒေသခံပြည်သူများကို ခြိမ်း​ခြောက်ထားမှု။ဓာတ်ပုံ – CJ

PDFများ၏ ဖောက်ခွဲတိုက်ခိုက်မူများကြောင့် ကလေးမြို့အခြေစိုက်တပ်ရင်း များအတွင်း ကြောက်လန့်နေကြသည်ဟု တပ်မိသားစုတစ်ဦးကလည်း ပြောသည်။

Public Service Announcement

“ကလေး ဒကစ (ဒေသ ကွပ်ကဲ မှု စစ် ဌာန ချုပ်)ထဲမှာကြောက်လန့်နေကြတယ်။ တပ်ရင်းတွေကို PDFတွေလာတိုက်မှာကို အဓိကလန့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

ကလေးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် ပေါက်ကွဲမူများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပေါက်ကွဲမူများကို ၉နာရီခန့်က ကြားခဲရသေးသည်ဟု အခြား ကလေးမြို့ခံတစ်ဦးက ပြောသည်။

ပြည်သူကိုခြိမ်း​ခြောက်ထား​သော်လည်း ယ​နေ့ညတွင် စစ်​ကောင်စီတပ်ကို PDFကလာတိုက်မည်ကို ထိတ်လန့်​နေသည်။ဓာတ်ပုံ – CJ

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမူများထဲတွင် ကလေးမြို့တာဟန်းရပ်ကွက်ရှိ သပိတ်ခံတပ်သည် အထင်ရှားဆုံးဖြစ်သည်။

ထိုခံတပ်ကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်ကျွံသုံးပြီး လက်နက်ကြီး၊လက်နက်ငယ် များ ၂၀၂၁ မတ် ၂၈ ရက်နှင့် ဧပြီ ၇ရက်တွင် ပစ်ခတ်ဖြိုခွင်းခဲ့ သည်။ ထိုကြောင့် ဆန္ဒပြသူများဘက်မှ အနည်းဆုံး ၁၈ဦးသေဆုံးပြီး ဖမ်းဆီးခံရသူနှင့် ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။