Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကို ကုန်စုံဆိုင် ပေါက်ကွဲမီးလောင်မှုမှာ လူ ၂ ဒါဇင်နီးပါး သေဆုံး

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။

ဒေသစံတော်ချိန် နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းက နိုင်ငံမြောက်ပိုင်း၊ ဆိုနိုရာပြည်နယ်ရဲ့ မြို့တော် ဟာမိုဆီလိုရဲ့ မြို့လယ် ဧရိယာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုအပြီး မီးလောင်ကျွမ်းမှုတွေဟာ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းထိ ကြာမြင့်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး အယ်လ်ဖွန်ဆို ဒူရာဇိုက ပြောပါတယ်။

ဝမ်းနည်းစရာ ကောင်းစွာနဲ့ပဲ လူတွေ အတော်များများ သေဆုံးခဲ့ကြောင်း၊ သေသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြောင်း သူက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက သေဆုံးသူ ဦးရေဟာ ၂၃ ယောက်ထိ များပြားခဲ့ပြီး လူပေါင်း ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ သေဆုံး ဒဏ်ရာရ စာရင်းမှာ ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။

ကုန်စုံဆိုင်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းဖို့၊ လူတွေရဲ့ ပေါ့လျော့မှုနဲ့ ဆက်စပ်နေရင် အပြစ်ရှိသူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဖို့ ညွှန်ကြားထားကြောင်းလည်း ဒူရာဇိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်နယ် ရှေ့နေချုပ် ဂူစတာဗို ဆာလက်စ် ချားဗက်ဇ်ကတော့ ကနဦး သေမှုသေခင်း စစ်ချက်တွေအရ အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး အသက်ဆုံးရှုံးခဲ့ရသူ တော်တော်များများ ရှိခဲ့တယ်လို့ တွေ့ရှိထားကြောင်း ပြောပါတယ်။ ရှို့မီးကြောင့် ပေါက်ကွဲမှု ဖြစ်သလားဆိုတဲ့ မေးခွန်းတွေကိုတော့ သူက လောလောဆယ် အဲဒီလို အထောက်အထားမျိုး မတွေ့သေးကြောင်း၊ ဒါပေမဲ့ ဖြစ်နိုင်ခြေ မှန်သမျှကို ထည့်စဉ်းစားမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ Waldo’s store ကုန်စုံဆိုင်မှာ မီးတောက်မီးလျံတွေ ပျံ့နှံ့လောင်ကျွမ်းနေတာကို တွေ့ရပါတယ်။ ဗီဒီယို တစ်ခုထဲမှာဆိုရင် မီးစွဲလောင်နေတဲ့ လူတစ်ယောက်ဟာ ဆိုင်နဲ့ ကိုက်အနည်းငယ် အကွာမှာ ပြိုလဲသွားခဲ့တာကို တွေ့ရပါတယ်။

မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းကလည်း မီးလောင်မှုအတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် မိသားစုဝင်တွေနဲ့ ထပ်တူ စာနာ ဝမ်းနည်းကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသား မျှဝေထားခဲ့ပါတယ်။ သူက ပြည်နယ် အုပ်ချုပ်ရေးမှူးဆီကိုလည်း ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကမ်းလှမ်းထားကြောင်း သမ္မတက ဆိုပါတယ်။

မီးလောင်ပြင် ဖြစ်သွားတဲ့ နေရာတဝိုက်ကို သွားလာတာမျိုး မလုပ်ဖို့ ဒေသခံတွေကို အာဏာပိုင်တွေက တိုက်တွန်းထားပြီး မြို့လယ်မှာ ကျင်းပမယ့် ဟောလိုဝင်း အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်မှု အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။