Connect with us

Hi, what are you looking for?

News

CRPH နှင့်အတူ ခိုင်မာစွာဆက်လက်ရပ်တည်ကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သဝဏ်လွှာပို့

ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးစသည့် CRPH ၏ တောင်းဆို တိုက်တွန်းချက်များကို ထောက်ခံကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်အတူ ခိုင်မာစွာဆက်လက်ရပ်တည် ကြောင်း ဂျာမန်အထက်လွှတ်တော်ဥက္ကဋ္ဌ နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့က သဝဏ်လွှာပေးပို့ သည်။

CRPH ၏ ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်ကာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်းဖြစ်ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များ၏ တည်ရှိမှုသည် ဒီမိုကရေစီအရေး၊ လွတ်လပ်မှု၊ မျှော်လင့်ချက်များကို ပြည်သူလူထုအား ပေးနေကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ပြည်သူရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော်ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို စိုးရိမ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းမှ ပိတ်ပင်တားဆီးမှုမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ရန် အထူးအရေးကြီးကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးကဆိုသည်။

ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးစသည့် CRPH ၏ တောင်းဆို တိုက်တွန်းချက်များကို ထောက်ခံကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများ၏ ယနေ့ထိတိုင် ကြံ့ခိုင်မှုများကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်မှုတို့ အမြန်ဆုံး ပြန်လည်ရရှိပါစေကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ဆုမွန်း ကောင်းတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။