Connect with us

Hi, what are you looking for?

News

CRPH နှင့်အတူ ခိုင်မာစွာဆက်လက်ရပ်တည်ကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သဝဏ်လွှာပို့

ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးစသည့် CRPH ၏ တောင်းဆို တိုက်တွန်းချက်များကို ထောက်ခံကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်အတူ ခိုင်မာစွာဆက်လက်ရပ်တည် ကြောင်း ဂျာမန်အထက်လွှတ်တော်ဥက္ကဋ္ဌ နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့က သဝဏ်လွှာပေးပို့ သည်။

CRPH ၏ ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်ကာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်းဖြစ်ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များ၏ တည်ရှိမှုသည် ဒီမိုကရေစီအရေး၊ လွတ်လပ်မှု၊ မျှော်လင့်ချက်များကို ပြည်သူလူထုအား ပေးနေကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ပြည်သူရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော်ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို စိုးရိမ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းမှ ပိတ်ပင်တားဆီးမှုမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ရန် အထူးအရေးကြီးကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးကဆိုသည်။

ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးစသည့် CRPH ၏ တောင်းဆို တိုက်တွန်းချက်များကို ထောက်ခံကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများ၏ ယနေ့ထိတိုင် ကြံ့ခိုင်မှုများကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်မှုတို့ အမြန်ဆုံး ပြန်လည်ရရှိပါစေကြောင်း ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ဆုမွန်း ကောင်းတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့တဲ့ မယ်တော်ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင် အား လှိုက်လှိုင်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာ ပေးပို့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ရဲ့ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း IPUက ဒီကနေ့ ကျင်းပတဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ CRPHက အသိပေးပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။