Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအမှုနဲ့မန္တလေးမှာဖမ်းခံရသူတွေကို အပြင်ရုံးမထုတ်ဘဲ အိုးဘိုထောင်တွင်းတရားရုံးမှာစစ်ဆေးမယ်

အရင်ကတော့ မန္တလေးခရိုင်တရားရုံးကို ရုံးထုတ်စစ်ဆေးတာမျိုးရှိပေမယ့် အခုအချိန်မှာ လုံခြုံရေးအရ အကြောင်းပြကာထောင်တွင်းမှာပဲစစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း မန္တလေး မှာ မတရားဖမ်းဆီးခံရသူတွေကို အပြင်တရားရုံး မထုတ်တော့ဘဲ အိုးဘိုထောင်တွင်း တရားရုံးမှာသာ စစ်ဆေးတော့မယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အရင်ကတော့ မန္တလေးခရိုင်တရားရုံးကို ရုံးထုတ်စစ်ဆေးတာမျိုးရှိပေမယ့် အခုအချိန်မှာ လုံခြုံရေးအရ အကြောင်းပြကာထောင်တွင်းမှာပဲစစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အိုဘိုထောင်မှာ ဖမ်းခံထားရသူတွေထဲက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ အမှုတွေမှအပ ပေါက်ကွဲမှု ၊လက်နက်မှု ၊အကြမ်းဖက်ဥပဒေနဲ့စွဲဆိုခံရတဲ့အမှုတွေကို ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့တာရှိပါတယ်။

ဒါပေမယ့် ခရိုင်တရားရုံးကို ရုံးထုတ်ပြီး စစ်ဆေးဖို့အတွက် လုံခြုံရေးမပေးနိုင်ဘူးဆိုကာ ထောင်တွင်းမှာ တရားရုံးလုပ်ပြီး မေလ ၂၃ ရက်ကနေစတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထောင်တွင်းတရားရုံးမှာစစ်ဆေးတဲ့အခါ စစ်ဆေးမယ့်တရားသူကြီး ၊ တရားရုံးဝန်ထမ်းနဲ့ ရှေ့နေ ၊သက်သေတို့သွားရောက်ခွင့်ရမယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။