အောက်တိုဘာ ၂၅၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက် ည ၇ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၄၄ လမ်းနဲ့ ၁၂၀ လမ်း အရှေ့ဘက်၊ ရွာရှည်ရွာအနီးမှာ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးဟာ အလုပ်ကနေ အိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် လမ်းမှာ ဝိုင်းဝန်း တိုက်ခိုက် လုယက်ခံခဲ့ရတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
လုယက်သူတွေဟာ ဓါးတွေကိုယ်စီကိုင်ဆောင်ထားတဲ့အပြင် ဆိုင်ကယ် ၃ စီးနဲ့ လမ်းပိတ်ကာ ဝိုင်းခုတ်ခဲ့ကြတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
“ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ ဓါးနဲ့ ဝိုင်းခုတ်တာ။ ဆိုင်ကယ်လုရုံတင်မကဘူး လုကိုပါ အသေလုပ်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကာယကံရှင်မှာ ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားခဲ့ရသော်လည်း ခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာကြီးကြီးမားမား ရရှိသွားခဲ့ကာ ဆိုင်ကယ်လည်းပါသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဧရိယာတဝိုက်ဟာ ညပိုင်းတင်မကဘဲ နေ့လယ် ၁ နာရီ၊ ၂ နာရီဝန်းကျင်မှာ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပါရှိခဲ့ဖူးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အုပ်စုကိုယ်တိုင်နဲ့ လက်အောက်ခံ ပျူစောထီးတွေကလည်း ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။



















































