အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် ဆန္ဒပြ ချီတက်ပွဲ ကျင်းပခဲ့သည်။
နယူးယောက်မြို့ရှိ Brooklyn တံတားပေါ်တွင် ဖြတ်သန်းကာ ချီတက်ခဲ့ကြသော အဆိုပါဆန္ဒပြပွဲသို့ နယူးယောက်ဒေသခံ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့်အတူ ပြည်နယ်အသီးသီးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။




အမေရိကားရောက် မြန်မာပြည်ဖွားများက အကြမ်းဖက် စစ်အာဏာရှင် စနစ် ဖြုတ်ချရေး၊ ဖမ်းဆီးခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အပြစ်မဲ့ ကျောင်းသားပြည်သူများ လွှတ် ပေးရေး ကြွေးကြော်၍ ချီတက်သပိတ်မှောက်ခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို ဒေသစံတော်ချိန် ညနေ၄နာရီမှ ညနေ ၇နာရီ အထိကျင်းပကာ ၈၈မျိုးဆက်များ Gen z လူငယ်များနှင့် ဦးဆောင်ကျင်းပသော NYCBC မှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှတ်တရစကားများပြောကြားခဲ့သည်။

Public Service Announcement

















































