Connect with us

Hi, what are you looking for?

သတင်း

နယူးယောက်တွင် ရှစ်လေးလုံးအထိမ်းအမှတ် မြန်မာ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ယင်းဆန္ဒပြပွဲကို ဒေသစံတော်ချိန် ညနေ၄နာရီမှ ညနေ ၇နာရီ အထိကျင်းပကာ ၈၈မျိုးဆက်များ Gen z လူငယ်များနှင့် ဦးဆောင်ကျင်းပသော NYCBC မှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှတ်တရစကားများပြောကြားခဲ့သည်။

ဓာတ်ပုံ - Kyaw Soe Latt Photography
ဓာတ်ပုံ - Kyaw Soe Latt Photography

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် ဆန္ဒပြ ချီတက်ပွဲ ကျင်းပခဲ့သည်။

နယူးယောက်မြို့ရှိ Brooklyn တံတားပေါ်တွင် ဖြတ်သန်းကာ ချီတက်ခဲ့ကြသော အဆိုပါဆန္ဒပြပွဲသို့ နယူးယောက်ဒေသခံ မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့်အတူ ပြည်နယ်အသီးသီးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အမေရိကားရောက် မြန်မာပြည်ဖွားများက အကြမ်းဖက် စစ်အာဏာရှင် စနစ် ဖြုတ်ချရေး၊ ဖမ်းဆီးခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အပြစ်မဲ့ ကျောင်းသားပြည်သူများ လွှတ် ပေးရေး ကြွေးကြော်၍ ချီတက်သပိတ်မှောက်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို ဒေသစံတော်ချိန် ညနေ၄နာရီမှ ညနေ ၇နာရီ အထိကျင်းပကာ ၈၈မျိုးဆက်များ Gen z လူငယ်များနှင့် ဦးဆောင်ကျင်းပသော NYCBC မှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှတ်တရစကားများပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ FREE HER Campaign ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေက အမှတ်တရသစ်ပင်တွေ ဒီကနေ့ (အောက်တိုဘာ ၁၁) စိုက်ပျိုးခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။