Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက်မှာ အလယ်တန်းထိ ကျောင်းသားတွေ AI အသုံးပြုခွင့်ပိတ်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့မှာ မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီက ကလေးငယ်တွေဟာ ဆရာမတွေ၊ တခြားလူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ဆက်ဆံရင်း သင်ယူ ရင့်ကျက်လာဖို့ လိုကြောင်း၊ ကျွမ်းကျင်တတ်သိမှုတွေကို ကိုယ်တိုင် ဖန်တီးယူကြဖို့ လိုကြောင်း၊ သူတို့ကို သင်ပြပေးမယ့် ဆရာဆရာမတွေနဲ့ ထိတွေ့ဆက်ဆံရင်း ခက်ခဲတဲ့ ပြဿနာတွေကို ကိုယ်တိုင် စူးစမ်း အဖြေရှာရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စည်းမျဉ်းသစ်အရ နယူးယောက်မှာရှိတဲ့ အစိုးရ မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေ AI အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် အထက်တန်း မတိုင်ခင် ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေဟာ AI သုံးစွဲခွင့် ရတော့မှာ မဟုတ်ပါဘူး။ အဲဒီ တားမြစ်မိန့်ကို စမ်းသပ်အဆင့် တစ်နှစ် ထုတ်ပြန်ပြီး သက်ရောက်မှုတွေကို လေ့လာ ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ နယူးယောက်ဟာ ပညာရေး ဖွံ့ဖြိုးမှုနဲ့ AI နည်းပညာကြားမှာ ကြားဝင်ထိန်းညှိ ကန့်သတ်မှုတွေ စတင်လိုက်တာဖြစ်ပြီး လော့စ်အန်ဂျလိစ်လို မြို့ကြီးတွေကလည်း AIနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်နေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက် မြို့တော်ဝန် မမ်ဒါနီက မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေဟာ စာသင်ခန်းတွေမှာ AIနဲ့ ဆက်စပ်တဲ့ သင်ထောက်ကူနဲ့ တခြားကိရိယာတွေ အသုံးပြုနေမှုတွေကို ရပ်တန့်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

AI နည်းပညာ ရှေ့ဆောင်လုပ်ငန်းစုတွေဖြစ်တဲ့ Google၊ Anthropicနဲ့ Microsoftတို့ကတော့ နယူးယောက်မြို့တော် အစိုးရအဖွဲ့ရဲ့ သဘောထား မူဝါဒအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ညွှန်ကြားချက် အသစ်ကြောင့် နယူးယောက်မှာ Grade 8အထိ ကျောင်းသူကျောင်းသား ၆ သိန်းလောက်ဟာ AI အသုံးပြုခွင့် ရတော့မှာ မဟုတ်ပါဘူး။ အထက်တန်းအဆင့် ကျောင်းသားတွေဟာလည်း ပညာရေးနဲ့ ပတ်သက်ရင် AIကို ကန့်သတ် အခြေအနေ တချို့မှာပဲ သုံးစွဲခွင့် ရှိလာမယ်လို့ သိရပါတယ်။

နာမည်ကြီး AI ထောက်ပံ့မှု တစ်ခုဖြစ်တဲ့ ChatGPTကို ၂၀၂၂ မှာ ထုတ်ဝေခဲ့ပြီး သိပ်မကြာခင်မှာပဲ နယူးယောက်မြို့က ကျောင်းတွေမှာ သုံးစွဲခွင့် ယာယီ ပိတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ChatGPTကို ဖန်တီးတဲ့ OpenAIကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ Microsftက ပညာရေးအတွက် သင့်လျော်အောင် ပြင်ဆင်ထားပြီး AIက ပံ့ပိုးပေးတဲ့ သင်ကြားရေး အထောက်အကူပြု tool တစ်ခုကို မိတ်ဆက်ပေးခဲ့သလို ChatGPT အသုံးပြုခွင့် ပိတ်ပင်ထားတာကိုလည်း အာဏာပိုင်တွေက ဖယ်ရှားပေးခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။