Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဗြိတိန်ရောက်မြန်မာတွေပြုလုပ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Unity Movement

စက်တင်ဘာ-၉၊၂၀၂၆။သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို လန်ဒန်မြို့အခြေစိုက် မြန်မာစစ်အာဏာရှင် သံရုံး၊ ထိုင်းသံရုံးနဲ့ ဗီယက်နမ်သံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ပြီး Myanmar Unity Movement က ဦးဆောင်ကာ ​ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြမြန်မာတွေက ထိုင်းအစိုးရအနေနဲ့ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားမှုကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အာဆီယံရဲ့ အချက် (၅) ချက် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးကို အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် “တရားမဝင်သော စစ်အရေခြုံကို မပူးပေါင်း မထောက်ခံရေး တို့အရေး တို့အရေး” ၊ “ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေး” ၊ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေး” ၊ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး” ၊ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။

သတင်း

ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သံအမတ်ကြီး ဦး​​ကျော်မိုးထွန်းထောက်ခံရေး လူထုလှုပ်ရှားမှုတွေ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။