Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တိုက်ပွဲများက စိုးရိမ်ဖွယ်ဖြစ်ကြောင်း OCHA ထုတ်ပြန်

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးကြရသည့် လူဦးရေမှာ လက်ရှိအချိန်အထိ ၂,၀၀၀ ကျော်ရှိပြီဖြစ်ပြီး တာမခံနှင့် ဟောင်ပါးကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း ၆ ခုတွင် အများဆုံးရောက်ရှိ နေကြောင်း သိရသည်။

(ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားပြည် သူများ စုပေါင်းပါဝင် သည့် ဖားကန့် မှော်လှည့်သပိတ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထောက်ခံရေးနှင့် စစ်အာဏာရှင်ကျဆုံးရေး သြဂုတ် ၁၃ရက် နံနက်ပိုင်း၌ ချီတက်ဆန္ဒပြစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)
(ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးရွာတစ်ရွာတွင် တိုင်းရင်းသားပြည် သူများ စုပေါင်းပါဝင် သည့် ဖားကန့် မှော်လှည့်သပိတ်စစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထောက်ခံရေးနှင့် စစ်အာဏာရှင်ကျဆုံးရေး သြဂုတ် ၁၃ရက် နံနက်ပိုင်း၌ ချီတက်ဆန္ဒပြစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)

နိုင်ငံတဝန်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ပြင်းထန်တိုက်ပွဲများက စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ယနေ့ထုတ်ပြန်သည်။

ပြည်နယ်နှင့် တိုင်းအများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုများ ဖြစ်ပေါ်နေကြောင်း OCHA က ဖော် ပြသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် အရပ် သားထိခိုက်သေဆုံးမှုများရှိသကဲ့သို့ အနည်းဆုံးအိမ်ခြေ ၃၀၀ ခန့်မီးသင့်ခဲ့၍ အိမ်ထောင်စု ၅၀၀ ခန့်ထိခိုက်ခဲ့သည်ဟု OCHA က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးကြရသည့် လူဦးရေမှာ လက်ရှိအချိန်အထိ ၂,၀၀၀ ကျော်ရှိပြီဖြစ်ပြီး တာမခံနှင့် ဟောင်ပါးကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း ၆ ခုတွင် အများဆုံးရောက်ရှိ နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ဆယ်ဇင်းကျေးရွာ အတွင်းမှာ ပိတ်မိနေသူတွေလည်းရှိနေသေးတာကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ဒီထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဖားကန့်မြို့နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးလာသူတွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် လိုအပ်တဲ့အကူအညီတွေ စတင်ပေးနေပြီဖြစ်သလို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးနိုင်ရေး သေချာစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်”ဟု OCHA က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှု တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀၃,၀၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၂ သန်းကျော် (၁,၂၄၉,၆၀၀) နေရပ်စွန့်ခွါထွက်ပြေးနေရဆဲဖြစ်ကြောင်း ဩဂုတ် ၈ ရက်ထုတ် ကုလသမဂ္ဂ၏နောက်ဆုံးစာရင်း များ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။