Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်တွင် NUG အစိုးရ၏လမ်းညွှန်မှုဖြင့် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ၊ ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော်ဝင်ရောက် ယှဥ်ပြိုင်

ထို့အပြင် အာဇာနည်နေ့အကြို ပြိုင်ပွဲများအဖြစ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ပြိုင်ပွဲနှင့် အာဇာနည်နေ့အ​ကြောင်း ကဗျာရွတ်ဆို ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်​ ဖြစ်သည်။

ဓာတ်ပုံ - Khup Hlei Thang Thang / facebook
ဓာတ်ပုံ - Khup Hlei Thang Thang / facebook

ကချင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၁၅) နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို NUG အစိုးရ၏ ကြားကာလပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဇာနည်နေ့အကြို ပြိုင်ပွဲများအဖြစ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ပြိုင်ပွဲနှင့် အာဇာနည်နေ့အ​ကြောင်း ကဗျာရွတ်ဆို ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်​ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။