Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် ရာထူး ပြန်ယူဖို့ လမ်းပွင့်သွားတဲ့ ပယာရွတ်သ်

ခုံရုံးရဲ့ နောက်ဆုံး အဆုံးအဖြတ်အတွက် တရားသူကြီး ၉ ဦးက မဲပေးခဲ့ကြပြီး ၆-၃ ဆိုတဲ့ မဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ပယာရွတ်သ်ဟာ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်းတွေကို ဖယ်နုတ်ပြီး ၂၀၂၅ ခုနှစ်ထိ ထိုင်ခုံမြဲနေဦးမယ့် သဘောပါပဲ။

ထိုင်းဝန်ကြီးချုပ် ရာထူး ပြန်ယူဖို့ လမ်းပွင့်သွားတဲ့ ပယာရွတ်သ်
ထိုင်းဝန်ကြီးချုပ် ရာထူး ပြန်ယူဖို့ လမ်းပွင့်သွားတဲ့ ပယာရွတ်သ်

ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ပယာရွတ်သ် ချန်အိုချာတစ်ယောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ပြန်လည် တာဝန်ယူဖို့ လမ်းပွင့်လာခဲ့ပါတယ်။

စက်တင်ဘာ ၃၀ မှာ ခုံရုံးရဲ့ စီရင်ချက်ကို အတည်ပြု ထုတ်ပြန်ခဲ့ရာမှာ ပယာရွတ်သ် အနေနဲ့ ထိုင်းဝန်ကြီးချုပ် တာဝန်ကို ၈ နှစ်ပြည့်အောင် မထမ်းဆောင်ရသေးကြောင်း ဆုံးဖြတ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိ အချိန်မှာ ဝန်ကြီးချုပ် တာဝန်တွေကနေ ဆိုင်းငံ့ခံထားရတဲ့ ပယာရွတ်သ် အနေနဲ့ သက်တမ်းပြည့်တဲ့ထိ ရာထူးပြန်လည် ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ပယာရွတ်သ်ဟာ ဝန်ကြီးချုပ် အနေနဲ့ ၈ နှစ် သက်တမ်းပြည့်အောင် တာဝန်ထမ်းဆောင်ပြီး ဖြစ်တဲ့အတွက် ရာထူးက ဖယ်ရှားပေးဖို့ အတိုက်အခံ ဖျူထိုင်းပါတီက ဦးဆောင်ပြီး လျှောက်ထား တောင်းဆိုမှုကို ခုံရုံးက လက်ခံပေးထားခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကာလတွေတုန်းက ပယာရွတ်သ်ရဲ့ ဝန်ကြီးချုပ် သက်တမ်းကိုပါ ထည့်တွက်သင့်တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၃၀ ဆုံးဖြတ်ချက်မှာတော့ ဖွဲ့စည်းပုံ ဥပဒေက ရေးဆွဲ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ညီညွတ်တဲ့ ဝန်ကြီးချုပ် သက်တမ်းမှာတော့ ပယာရွတ်သ်က ၈ နှစ်ပြည့်အောင် မထမ်းဆောင်ရသေးကြောင်း၊ ဒါကြောင့် စွပ်စွဲချက်ဟာ မှန်ကန်မှု မရှိကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ခုံရုံးရဲ့ နောက်ဆုံး အဆုံးအဖြတ်အတွက် တရားသူကြီး ၉ ဦးက မဲပေးခဲ့ကြပြီး ၆-၃ ဆိုတဲ့ မဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ပယာရွတ်သ်ဟာ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်းတွေကို ဖယ်နုတ်ပြီး ၂၀၂၅ ခုနှစ်ထိ ထိုင်ခုံမြဲနေဦးမယ့် သဘောပါပဲ။

ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရ အဖွဲ့ကို ဦးဆောင်ခဲ့သလို ကိုယ်တိုင် စိတ်တိုင်းကျ စီစဉ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေမျိုးကို အားကိုးပြီး ရွေးကောက်ပွဲ အနိုင်ရလာတဲ့ ပယာရွတ်သ်ဟာ လတ်တလောမှာတော့ လူထု ထောက်ခံနှုန်း သိသိသာသာ ကျဆင်းလာတာနဲ့ ကြုံနေရပါတယ်။ အထူးသဖြင့် သူ့အစိုးရဟာ နိုင်ငံစီးပွားရေး ဦးမော့လာအောင် မစွမ်းဆောင်နိုင်တဲ့အပေါ် အတော်လေး ဖိအားပေး ဝေဖန်ခံနေရပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးချိန်မှာ အတိုက်အခံ အင်အားစုတွေက ပယာရွတ်သ်ရဲ့ ရပ်တည်မှုဟာ စင်ကြယ်မှု မရှိဘူးလို့ ဆက်လက် ယုံကြည် လက်ခံထားမှာဖြစ်ကြောင်း၊ ပယာရွတ်သ်ဟာ သူ့အာဏာကို ရနိုင်သမျှ နည်းလမ်းတွေနဲ့ ဆက်ပြီး ချုပ်ထိန်းဖို့ ကြိုးစားနေတာသာဖြစ်ကြောင်း သဘောထား ထုတ်ပြန်သွားပါတယ်။

ဝန်ကြီးချုပ် တာဝန်တွေကနေ ပယာရွတ်သ် ဆိုင်းငံ့ခံနေရချိန် အတောအတွင်း ပရာဝစ် ဝန်ဆူဝမ်က ထိုင်းနိုင်ငံရဲ့ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်း ယူထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။