Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါက ဧဝရတ် တောင်ခြေ စခန်းမှာ ရဟတ်ယာဉ်နှစ်စီး တိုက်မိ၊ တစ်ဦးသေဆုံး

နီပေါနိုင်ငံက ဧဝရတ် တောင်ခြေမှာရှိတဲ့ စခန်းတစ်ခုမှာ ရဟတ်ယာဉ်နှစ်စီး လေထဲတိုက်မိလို့ အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေဆုံးခဲ့ပါတယ်။

နီပေါနိုင်ငံက ဧဝရတ် တောင်ခြေမှာရှိတဲ့ စခန်းတစ်ခုမှာ ရဟတ်ယာဉ်နှစ်စီး လေထဲတိုက်မိလို့ အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေဆုံးခဲ့ပါတယ်။

နီပေါနိုင်ငံက ဧဝရတ် တောင်ခြေမှာရှိတဲ့ စခန်းတစ်ခုမှာ ရဟတ်ယာဉ်နှစ်စီး လေထဲတိုက်မိလို့ အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့တုန်းက ဧဝရတ်တောင်ရဲ့ တောင်ဖက်မှာရှိတဲ့ ပယ်ရီချေး ကျေးရွာနားက တောင်ခြေစခန်းမှာ ဆင်းသက်ဖို့ ကြိုးစားတဲ့ ရဟတ်ယာဉ် တစ်စီးနဲ့ တခြားရဟတ်ယာဉ် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ် ကုမ္ပဏီ Fishtail Airက သေဆုံးသူဟာ အသက် ၄၇ နှစ်အရွယ် အိန္ဒိယ နိုင်ငံသား ဗာဆန့်သ် ကူးမား ဘာလာရာမူဒူ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ ဒဏ်ရာရသွားတဲ့ ရဟတ်ယာဉ်မှူး တစ်ဦးနဲ့ ခရီးသည် တစ်ဦးကိုတော့ နီပေါရဲ့ မြို့တော် ခန္တမန္ဒူဆီ ပို့ဆောင်ပြီး ဆေးရုံ တင်ပေးထားပါတယ်။ ဒဏ်ရာရသွားတဲ့ ခရီးသည်ဟာ နယူးဇီလန်သား တစ်ဦး ဖြစ်ပါတယ်။

Fishtail Air ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့တဲ့ တခြား ရဟတ်ယာဉ်ကိုတော့ Air Dynasty ကုမ္ပဏီက ပိုင်ဆိုင်ပြီး ရဟတ်ယာဉ်မှူးက ဒဏ်ရာမရခဲ့ပါဘူး။ ဗီဒီယို မှတ်တမ်းတွေမှာတော့ ရဟတ်ယာဉ် နှစ်စီးဟာ အနိမ့်ပိုင်းလောက်မှာတင် ဘေးချင်းယှဉ် တိုက်မိခဲ့ပြီး ထိခိုက်ပျက်စီး ပျက်ကျသွားတာ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နီပေါ အရပ်ဖက် လေကြောင်းသယ်ယူပို့ဆောင်ရေး ကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျန်နန်ဒရာ ဘူလ်က ရဟတ်ယာဉ် နှစ်စီးဟာ တူညီတဲ့ နေရာမှာ ဆင်းသက်ဖို့ ကြိုးစားရင်း တိုက်မိခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ ဗီဒီယိုထဲမှာတော့ အခင်းဖြစ်တဲ့အချိန် လေပြင်းတွေ တိုက်ခတ်နေတယ် ဆိုတာမျိုး အထောက်အထား မတွေ့ရပါဘူး။ ရဟတ်ယာဉ် တစ်စီးကတော့ နောက်တစ်စီးထပ် ခပ်မြန်မြန် ဆင်းသက်ဖို့ ကြိုးစားခဲ့တာကို မြင်ရပါတယ်။ ရဟတ်ယာဉ်တွေဟာ ဧဝရတ်တောင်တက်လမ်း တစ်နေရာမှာ ပိတ်မိနေတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ကယ်ဆယ် ရွှေ့ပြောင်းပေးပြီး တောင်ခြေစခန်းမှာ ဆင်းသက်ဖို့ ပြင်ဆင်ခဲ့ကြတာလို့ သိရပါတယ်။

ဟိမဝန္တာ တောင်စဉ်တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ နီပေါနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရဟတ်ယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။ ဒါပေမဲ့ ဧဝရတ်တောင်ခြေ အပါအဝင် ဟိမဝန္တာ ဆက်စပ် ဒေသတွေမှာ ရာသီဥတု အခြေအနေတွေက ခန့်မှန်းရ ခက်လောက်အောင် ရုတ်တရက် မြန်မြန်ဆန်ဆန် ပြောင်းလဲတတ်တာကြောင့် ရဟတ်ယာဉ်မှူးတွေအတွက် အန္တရာယ်တွေလည်း ရှိပါတယ်။

ပယ်ရီချေး ကျေးရွာဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရတ်ရဲ့တောင်ခြေက တောင်တက်လမ်း တစ်ခုမှာ တည်ရှိနေပါတယ်။ ရွာရဲ့ တည်နေရာဟာ ပင်လယ် ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ ကျော်မှာ ရှိနေပါတယ်။

ဆောင်းဦးကာလဟာ တောင်တက်ရာသီလို့လည်း ဆိုနိုင်ပြီး နီပေါမှာတော့ ဧဝရတ်တောင်နဲ့ အေမာ ဒါဘလမ် တောင်တွေမှာ တောင်တက် ခရီးစဉ်တွေ စတင်နေကြပြီ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook