Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေက စျေးဝယ်စင်တာတွေရဲ့ ရေခဲသေတ္တာတွေ ဆိုက်ဘာတိုက်ခိုက်မှု ခံရပြီး အစားအသောက်တွေ ပျက်စီး

ဥရောပ နိုင်ငံတွေရဲ့ စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေက ရေခဲသေတ္တာတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဥရောပ နိုင်ငံတွေရဲ့ စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေက ရေခဲသေတ္တာတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆွီဒင်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယမ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ အိုင်ယာလန်၊ လူဇင်ဘာ့ဂ်နဲ့ နယ်သာလန် အနည်းဆုံး ၈ နိုင်ငံရဲ့ ကုန်စုံဆိုင်တွေနဲ့ စူပါမားကက်တွေစာ နိုဝင်ဘာ ၂ ရက်နေ့တုန်းက အဲဒီလို ဆိုက်ဘာ တိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းသုံးပတ်လောက်တုန်းကလည်း ပြင်သစ်နိုင်ငံ အနှံ့က ဆိုင်တွေမှာ အလားတူပဲ အအေးခန်းတွေ၊ ရေခဲသေတ္တာတွေရဲ့ အပူချိန်ကို မြှင့်တင်လိုက်တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရပါတယ်။

အစားအသောက်တွေကို ထိန်းသိမ်းပေးထားတဲ့ အပူချိန်တွေက တစ်ညလုံး မြင့်တက်နေခဲ့တဲ့အတွက် ပုပ်သိုးသွားတာတွေ၊ ဒါမှမဟုတ် သိုးသွားနိုင်တဲ့ အခြေအနေတွေကို ကြုံခဲ့ရပြီး အများအပြား လွှင့်ပစ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂ ရက်နေ့တုန်းက ဥရောပ နိုင်ငံတွေမှာ ပျံ့နှံ့ ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှုရော၊ အောက်တိုဘာ ၁၂ ရက်နေ့က ပြင်သစ်မှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ပါ ဘယ်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း မကြေညာသေးပါဘူး။ ဖြစ်စဉ်နှစ်ခုအတွင်း ရာနဲ့ချီတဲ့ စတိုးဆိုင်တွေနဲ့ စျေးဝယ်စင်တာတွေဟာ အစားအသောက်တွေကို လွှင့်ပစ်ခဲ့ကြရပါတယ်။

ဥရောပ သမဂ္ဂ (EU)ရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး ကော်မရှင် အကြီးအကဲ ခရစ္စတော့ဖ် ဟန်ဆန်က EU အနေနဲ့ အခုဖြစ်ရပ်တွေအပေါ် အလေးအနက် သဘောထား ကိုင်တွယ်နေပြီး ဆိုက်ဘာ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်နေတာက အထူးစိုးရိမ်ရမယ့် အခြေအနေလို့ ပြောကြားခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ ဥရောပရဲ့ စားနပ်ရိက္ခာ ကွင်းဆက်ကို တမင် ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးနေပြီး စားသုံးသူတွေရဲ့ ယုံကြည်မှု ကျဆင်းအောင် ကြံရွယ်နေတာ ဖြစ်ကြောင်း၊ ဒါကို လေးလေးနက်နက် သဘောထား ကိုင်တွယ်ဖို့လိုကြောင်း သူက ဆိုပါတယ်။ နိုဝင်ဘာ ၂ ရက် ဆိုက်ဘာ တိုက်ခိုက်မှုရဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဘယ်လ်ဂျီယမ်မှာတော့ ကုန်စုံဆိုင် အများအပြားဟာ အစားအသောက်တွေ ပျက်စီးတဲ့ ပြဿနာ ကြုံခဲ့ပြီး ဖက်ဒရယ် အစိုးရ ရှေ့နေတွေက အခုဖြစ်ရပ်ကို တာဝန်ယူ စုံစမ်း စစ်ဆေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဒါကို ဆိုက်ဘာ တိုက်ခိုက်မှုလို့ မသတ်မှတ်သေးပါဘူး။ ဆွီဒင်မှာတော့ ကုန်စုံဆိုင် လုပ်ငန်းစုကြီး Coopက နိုင်ငံအနှံ့ ဆိုင်ပေါင်း ၈၀၀ ဝန်းကျင်ထဲက အနည်းဆုံး ၆ ခုရဲ့ ရေခဲသေတ္တာတွေ ဆိုက်ဘာတိုက်ခိုက်မှု ကြုံခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဆိုက်ဘာ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနိုင်သလဲ ဆိုတာကို Coopက အတိအကျ မစွပ်စွဲပေမယ့် စတိုးဆိုင်တွေရဲ့ ရေခဲသေတ္တာတွေကို 4G မိုဘိုင်း ကွန်ရက်နဲ့ပဲ ချိတ်ဆက်ပြီး 5G စနစ်ဆီ အဆင့်မြှင့်မထားကြောင်း၊ ဒါကြောင့်လည်း ဟက်ကာတွေရဲ့ ထိုးဖောက်မှုဒဏ်ကို ပိုပြီး ခံရတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook