Connect with us

Hi, what are you looking for?

News

ရတနာပုံမြို့ပြတော်လှန်ရေးတပ်ဖွဲ့စည်းထားကြောင်း လူထုအားအသိပေး

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယခုထက်ပိုမို အင်အားကောင်းစွာ လုပ်ဆောင်နိုင်ရေး အတွက် YURF ဖွဲ့စည်းပြီးကြောင်းကို ဩဂုတ် ၃၀ရက်တွင် ပြည်သူလူထုထံ တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရတနာပုံမြို့ပြတော်လှန်ရေးတပ်ဖွဲ့(YURF)ကို မတ်လ ၂၆ရက် ကတည်းက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း YURFက ဩဂုတ် ၃၀ရက် ရက်စွဲဖြင့် ပြည်သူလူထုများအား အသိပေးသည်။

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယခုထက်ပိုမို အင်အားကောင်းစွာ လုပ်ဆောင်နိုင်ရေး အတွက် YURF ဖွဲ့စည်းပြီးကြောင်းကို ဩဂုတ် ၃၀ရက်တွင် ပြည်သူလူထုထံ တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့ပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့၍ ၇လအတွင်း လူဦးရေ ၁၀၀၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းလုပ်ရပ်များကြောင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် နှင့် အကြမ်းဖက် စစ်အာဏာရှင်များ၊၎င်းတို့၏ လက်ပါးစေများကို အမြစ်ပြတ်သည်အထိ တော်လှန်သွားရန် YURFကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း