Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၅)နယ်မြေ၌ နိုဝင်ဘာအတွင်းတိုက်ပွဲ ၁၁၀ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ၇၀ခန့်သေဟု ထုတ်ပြန်

ထိတွေ့ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က စစ်သည်တော် ၉ဦးကျဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ မူတြော်(ဖာပွန်)ခရိုင်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလတိုက်ပွဲများ၌ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် ၆၉ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာအတွင်း တပ်မဟာ(၄)နှင့် စစ်ကောင်စီ၊ BGFတပ်များအကြား တိုက်ပွဲ ၁၁၆ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့် ၎င်း၏ခါးပိုက်ဆောင် BGFတပ်ဖက်မှ ၆၉ဉီးသေဆုံးကာ ၅၁ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးသူများ၌ တပ်ကြပ်တစ်ဦးပါဝင်ကြောင်းဖော်ပြသည်။ ထို့ဒဏ် ဒဏ်ရာရသူများ၌ ဗိုလ်တစ်ဦးပါဝင်သည်ဟု ဆိုသည်။

(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ထိတွေ့ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က စစ်သည်တော် ၉ဦးကျဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ မော်တော်ယာဉ်တစ်စီးအား ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများနေထိုင်ရာနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအပြင် လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ လူနေအိမ် ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။ ယင်းသို့ လေယာဉ်ဖြင့်ဗုံးသီးလာရောက်ကြဲချစဉ်အတွင်း လေယာဉ်တင်စက်သေနတ်များပါ အမြောက်အများ တရစပ်ပစ်ခတ်၍ ပြည်သူများသတိဖြင့် နေထိုင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

KNUတပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး စစ်ကောင်စီနှင့် BGFတပ်များကို တပ်မဟာ(၅)စစ်သည်တော်များက ပြောက်ကျားနည်းဖြင့် ခြုံခိုခိုက်တိုက်ခိုက်မှုများ နေ့စဉ်လိုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။