Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၅)နယ်မြေ၌ နိုဝင်ဘာအတွင်းတိုက်ပွဲ ၁၁၀ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ၇၀ခန့်သေဟု ထုတ်ပြန်

ထိတွေ့ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က စစ်သည်တော် ၉ဦးကျဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ မူတြော်(ဖာပွန်)ခရိုင်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလတိုက်ပွဲများ၌ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် ၆၉ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာအတွင်း တပ်မဟာ(၄)နှင့် စစ်ကောင်စီ၊ BGFတပ်များအကြား တိုက်ပွဲ ၁၁၆ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့် ၎င်း၏ခါးပိုက်ဆောင် BGFတပ်ဖက်မှ ၆၉ဉီးသေဆုံးကာ ၅၁ဦး ဒဏ်ရာရခဲ့ပြီး သေဆုံးသူများ၌ တပ်ကြပ်တစ်ဦးပါဝင်ကြောင်းဖော်ပြသည်။ ထို့ဒဏ် ဒဏ်ရာရသူများ၌ ဗိုလ်တစ်ဦးပါဝင်သည်ဟု ဆိုသည်။

(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(နိုဝင်ဘာအတွင်းက KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီးနေမှုအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

ထိတွေ့ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က စစ်သည်တော် ၉ဦးကျဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ မော်တော်ယာဉ်တစ်စီးအား ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများနေထိုင်ရာနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအပြင် လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ လူနေအိမ် ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။ ယင်းသို့ လေယာဉ်ဖြင့်ဗုံးသီးလာရောက်ကြဲချစဉ်အတွင်း လေယာဉ်တင်စက်သေနတ်များပါ အမြောက်အများ တရစပ်ပစ်ခတ်၍ ပြည်သူများသတိဖြင့် နေထိုင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

KNUတပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး စစ်ကောင်စီနှင့် BGFတပ်များကို တပ်မဟာ(၅)စစ်သည်တော်များက ပြောက်ကျားနည်းဖြင့် ခြုံခိုခိုက်တိုက်ခိုက်မှုများ နေ့စဉ်လိုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။