Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဘုရားကျောင်းနှင့် စာသင်ကျောင်းပျက်စီး၊ လူထိခိုက်မှုမရှိဟုကနဦးသတင်းရရှိ

လေကြောင်း တိုက်ခိုက်ခံရမှုသည် ညအချိန်၌ တိုက်ခိုက်ခံရခြင်းကြောင့် ဘုရားကျောင်းနှင့် စာသင်ကျောင်း၌ လူမရှိ၍ ထိခိုက်သေဆုံး အခြေအနေ မကြားရသေးကြောင်း၊ ထိခိုက်မှုရှိမရှိကို ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

(စစ်​ကောင်စီ​လေယာဥ်ဖြင့် ဗုံကျဲပြီး​နောက်အပျက်အစီးများ။ ဓါတ်ပုံ-KNU)
(စစ်​ကောင်စီ​လေယာဥ်ဖြင့် ဗုံကျဲပြီး​နောက်အပျက်အစီးများ။ ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စုအတွင်းယ​နေ့နံနက်အ​စောပိုင်းတွင်ရစ်​ကောင်စီတပ်က​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ခရစ္စယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်းပျက်စီးသွားကြောင်းKNU ကထုတ်ပြန်သည်။

နိုဝင်ဘာလ (၉) ရက်နံနက်(၁)ဝန်းကျင်အချိန်တွင်အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူလူထုကိုပစ်မှတ်ထား၍ လေကြောင်းဖြင့် KNU တပ်မဟာ ၅ ရှိတာဘောကော်ဒဲကျေးရွာအတွင်းသို့ ​လေ​ကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခရစ္စယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ ဘုရားကျောင်း အနီးပတ်ဝန်းကျင်တွင်နေထိုင်သော အိမ်များအားထိခိုက်မှုရှိသော်လည်း အ​ရေအတွက်အတိအကျအား စီစစ်အတည်ပြုနေဆဲ ဖြစ်သည်ဟုဆက်လက်​ဖော်ပြထားသည်။

“နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပေမယ့် မြန်မာ စစ်အာဏာရှင်တွေဟာ လူနေ ဧရိယာတွေမှာ လေကြောင်းက တိုက်ခိုက်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်” ဟု ကရင်အမျိုသမီးများအစည်းအရုံး(KWO)ကထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

လေကြောင်း တိုက်ခိုက်ခံရမှုသည် ညအချိန်၌ တိုက်ခိုက်ခံရခြင်းကြောင့် ဘုရားကျောင်းနှင့် စာသင်ကျောင်း၌ လူမရှိ၍ ထိခိုက်သေဆုံး အခြေအနေ မကြားရသေးကြောင်း၊ ထိခိုက်မှုရှိမရှိကို ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ​လေယာဥ်ဖြင့် ဗုံကျဲပြီး​နောက်အပျက်အစီးများ။ ဓါတ်ပုံ-KNU)
(စစ်​ကောင်စီ​လေယာဥ်ဖြင့် ဗုံကျဲပြီး​နောက်အပျက်အစီးများ။ ဓါတ်ပုံ-KNU)

“လူထိခိုက်တာတော့ မကြားမိဘူး။ ရန်သူက တမင်သပ်သပ်လုပ်တာပေါ့။ အမှန်က ဒါ ဘုရားရှိခိုးကျောင်းရယ် ကျောင်းရယ် အဲဒီမှာ သူတို့ကလာပြီး အဲဒီလို ပစ်ချတဲ့အခါ ကျတော့ အဆောက်အဦးတွေ ပျက်စီးတာပေါ့။ ဖျက်ဆီးတဲ့သဘောပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသမီးအစည်းရုံးကလည်း”အရပ်ဖက်အဆောက်အအုံနှစ်ခု (ခရစ်ယာန် ဘုရားကျောင်းနဲ့ မူလတန်းကျောင်း) ထိမှန် ပျက်စီးခဲ့ပါတယ်။ ဒီရာဇဝတ်မှုတွေဟာအပြစ်မဲ့ပြည်သူတွေအပေါ် စနစ်တကျကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတဲ့အကြမ်းဖက် ခြိမ်းခြောက် လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။”ဟုလည်း​​ဖော်ပြသည်။

(စစ်​ကောင်စီ​လေယာဥ်ဖြင့် ဗုံကျဲပြီး​နောက်အပျက်အစီးများ။ ဓါတ်ပုံ-KNU)
(စစ်​ကောင်စီ​လေယာဥ်ဖြင့် ဗုံကျဲပြီး​နောက်အပျက်အစီးများ။ ဓါတ်ပုံ-KNU)

ရွာသူရွာသားမျာသည်အနာဂတ်မရေရာမှုများကို တွေးတောစိုးရိမ်ကြောက်ရွံ့နေကြရပြီး နယ်စပ်ဖြတ်ကျော် ပေးပို့​သောအကူအညီ အထောက်အပံ့များသည် ဒေသခံ အဖွဲ့အစည်းများဆီ လျင်လျင်မြန်မြန် ရောက်ရှိ​စေရမည်ဖြစ်ပြီး ဒါမှသာ ပဋိပက္ခဒဏ်သင့် နယ်မြေ ဒေသများဆီက အရေးပေါ် လိုအပ်နေ​သောအကူအညီများကို အမြန်ဆုံး ပေးပို့နိုင်မှာ ဖြစ်​ကြောင်းလည်း KWO ကတိုက်တွန်းသည်။

“စစ်အာဏာရှင်တွေဆီ စစ်လက်နက်တွေ ရောင်းချနေတဲ့ နိုင်ငံအားလုံး အဲဒီလုပ်ရပ်ကို ချက်ချင်း ရပ်တန့်ကြဖို့ KWO အနေနဲ့ ထပ်လောင်း ပြောကြားလိုပါတယ်။ နိုင်ငံတကာ လက်နက် ရောင်းချမှု ပိတ်ဆို့ရေးနဲ့ လေယာဉ်ဆီ ရောင်းချမှုကို တားမြစ်ရေးတွေလည်း ဖြစ်မြောက်လာရပါမယ်။ အရပ်သား ပြည်သူတွေဟာ စစ်ရေး ပစ်မှတ်မဟုတ်ပါဘူး။”ဟု KWO ကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။