Connect with us

Hi, what are you looking for?

သတင်း

ပြည်သူနှင့်စစ်အာဏာရှင်အကြားဖြစ်သည့် စစ်ပွဲဖြစ်၍ အောင်ပွဲသည်လက်တကမ်းတွင်ရှိဟု CNF ဥက္ကဋ္ဌပြော

ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

(CNFဥက္ကဋ္ဌ(လယ်)အား တွေ့ရစဉ်)
(CNFဥက္ကဋ္ဌ(လယ်)အား တွေ့ရစဉ်)

▪️အားသွန်ခွန်စိုက် အတူတိုက်ပွဲဝင်ရန်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ရှောင် ရှားရန် တိုက်တွန်း

လက်ရှိဆင်နွှဲနေသည့် စစ်ပွဲသည် အကြမ်းဖက် စစ်တပ်ကို ခုခံတွန်းလှန်သည့် စစ်ပွဲ၊ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲဖြစ်သကဲ့သို့ အာဏာရှင် များနှင့် ပြည်သူလူထုအကြား ဖြစ်ပွားသည့် စစ်ပွဲ၊ တရားမှုနှင့်မတရားမှု အကြားဖြစ်ပွားသည့် စစ်ပွဲ၊ ဓမ္မနှင့် အဓမ္မ အကြား ဖြစ်ပွားသည့် စစ်ပွဲဖြစ်သည့်အတွက် အောင်ပွဲသည် လက်တစ်ကမ်းတွင်ရှိနေပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောကြားသည်။

CNFဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့များ ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေသူများ နိုင်ငံတကာ အသိုက်အဝန်းအားလုံးနှင့်အတူ လက်ချင်းယှက်လျက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌက ကတိပြုသည်။

ချင်းပြည်ကာကွယ်ရန်အတွက် ချင်းလူမျိုးတိုင်းတွင် တာဝန်ရှိသည့်အလျောက် မိမိတို့ ပခုံးပေါ် ကျရောက်လာသည့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

၂၀၂၃တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုတခုမှာ အကြမ်းဖက်စစ်တပ်က ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲဖြစ်ကြောင်း CNFဥက္ကဋ္ဌက ပြောသည်။

ယင်းရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေး ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ပြည်သူလူထု တစ်ရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ပူးဇင်ကျုံးက တိုက်တွန်းသည်။

နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်အာဏာရှင်စနစ် အခြေခိုင်တည်မြဲရေး အတွက် ဖြစ်သည်ဆိုသည်ကို သတိပြုလျက် ရွေးကောက်ပွဲကို ရှောင်ရှားကြရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CNFသည် ချင်းပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ ဒေသတွင်း ချင်းကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။