မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ အ.ထ.က (ခွဲ)ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား မဟာမိတ် ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)အဖွဲ့က ပြောသည်။
ဆင်မရဲရွာစာသင်ကျောင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ကျော်ခန့်တပ်စွဲထားစဥ် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁ နာရီခန့်တွင် MBT တပ်ဖွဲ့နှင့် ခွပ်ဒေါင်းနီ ပြောက်ကြားတပ်၊The Volue Of Youngmen၊ VOMDY-Front Warrior၊ NY LOCAL PDF၊ မုံရွာခရိုင်၊ မုံရွာခရိုင်၊ တပ်ရင်း (၁၂) တပ်ခွဲ (၄)မီးတောက်တပ်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“အရင်ကဆိုရင် ဆင်မရဲရွာမှာက အင်အား ၇၀မရှိဘူး။ အခုဟာက ဟင်္သာရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်တွေသိမ်းပြီး ဆင်မရဲရွာကိုသွားရောက်ပူးပေါင်း နေ ထိုင်တာ ခင်ဗျ။ ကျနော်တို့ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ စတင်ပစ်ခတ်တိုက်ခိုက်တာ နာရီဝက် ၄၅ မိနစ်သာသာလောက် ကြာမြင့်ပါတယ်”ဟု Myingyan Black Tiger (MBT)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရသွားကာ ပခုက္ကူဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရပြီး သေဆုံးခြင်းရှိ ၊မရှိမသိရသေးဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement
ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။


















































