Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ် ရှင်မတောင်တောင်ပေါ်မှဆင်းလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ

အဆိုပါ စစ်ဆင်ရေးကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း (၂)၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ရှင်မတောင်အား အဝေးမှတွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ရှင်မတောင်အား အဝေးမှတွေ့ရစဥ်၊ ဓာတ်ပုံ - CJ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင်တောင်ပေါ်မှ ထွေလာဂျီဖြင့်ဆင်းလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာတွင် သေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီာ၂၈ရက်) နံနက် ၁၁ နာရီခန့်က ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီဖြင့်ဆင်းလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်အား ထန်းတိုကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာတွင် သေဆုံးပြီး တော်လှန်ရေးအင်အားစုက ရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြို (ပကဖ)က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း (၂)၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။