Connect with us

Hi, what are you looking for?

သတင်း

ပလက်၀မှာ ရခိုင်စာနဲ့ မြန်မာစာ ကြိုက်ရာရွေးသင်နိုင်တယ်လို့ AA ထုတ်ပြန်

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ-၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

လူမျိုးစုံနေထိုင်တဲ့ ပလက်၀ဒေသမှာ AA ပညာရေးဌာနက ဒေသခံချင်းပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ ရခိုင်စာသင်ရိုးနဲ့ အတင်းအဓမ္မသင်ကြားနေကြောင်း ကမ္လာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)ရဲ့ ကန့်ကွက်ထုတ်ပြန်ချက် ထွက်လာပြီးနောက် AA ပညာရေးဌာနက အခုလို တုံ့ပြန်လာတာပါ။

” အသစ်ရေးဆွဲထားသော ၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုးထားပါသော်လည်း ကျောင်းသား၊ ကျောင်းသူတိုင်းအား မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုး မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာနှင့် ရက္ခိုင်စာနှစ်ခုထဲမှ တဘာသာကို ၎င်းတို့ ကြိုက်နှစ်သက်ရာ ဘာသာအဖြစ် ရွေးချယ်သင်ကြားနိုင်သော မူဝါဒကို ကျင့်သုံးသွားမည်” လို့ ဒီနေ့ထုတ်ပြန်တဲ့ AA ပညာရေးဌာနထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားတဲ့ AA က အခုပညာသင်နှစ်ကစ ပြီး ၁၂ တန်းမြန်မာစာနေရာမှာ ရခိုင်စာကို အစားထိုးသင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်စာမသင်လိုတဲ့ ကျောင်းသား၊ ကျောင်းသားတွေအတွက် သင်ရိုးဟောင်း မြန်မာစာနဲ့ သင်ကြားပေးဖို့ စီစဉ်နေကြပြီဖြစ်တယ် လို့ ပလက်၀မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” အစကတော့ ရခိုင်စာကိုပဲ အားလုံးတပြေးညီ သင်ကြတာ။ အပေါ်က ဒါကိုပဲ သင်ရမယ်လို့ ညွန်ကြားထားခဲ့တာ တော့ မဟုတ်ဘူး။ အောက်ခြေက ဆရာ၊ ဆရာမတွေက သူတို့အဆင်ပြေသလို သင်ကြတာ။ ရခိုင်မဟုတ်တဲ့ ကျောင်းသားတွေကလည်း နည်းတာကိုး” လို့ ပလက်၀မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်း လူနည်းစုတစ်ခုရဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ရခိုင်ဘာသာစာ(စကား)နဲ့ သင်ကြားစေခြင်းဟာ ပလက်၀မြို့နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ခူမီချင်းလူမျိုးတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် မထီမဲ့မြင်ပြုရာရောက်သလို ဒေသခံတိုင်းရင်းသားလူမျိုးတွေအချင်းချင်း စိတ်ဝမ်းကွဲ ပြားမှုကိုလည်း ဖြစ်စေတယ်လို့ GKO ရဲ့ စက်တင်ဘာ ၆ ရက် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဲဒီလို ဒေသခံတွေရဲ့ဆန္ဒမပါဘဲ အတင်းအဓမ္မလုပ်ဆောင်ခြင်းဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများဆိုင် ရာ အခွင့်အရေးကြေငြာစာတမ်းကို ချိုးဖောက်ရာတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလက်၀မြို့နယ်အတွင်းမှာ အခုပညာသင်နှစ် ၁၂ တန်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၈ ဦးရှိပြီး အဲဒီထဲမှာ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦး၊ မြို့လူမျိုး ၁ ဦးနဲ့ ရခိုင်လူမျိုး ၁၃၈ ဦး ရှိကြောင်း AA ပညာရေးဌာနက ဆိုပါတယ်။

AA ပညာရေးဌာနဟာ ၁၂တန်း မြန်မာစာ တဘာသာတည်းကိုပဲ ရခိုင်စာအဖြစ် သင်ရိုးပြောင်းလိုက်တာဖြစ်ပြီး ကျန်အတန်းတွေအားလုံးရဲ့ သင်ရိုးတွေကတော့ အရင်သင်ရိုးတွေအတိုင်းပဲဖြစ်ပါတယ်။ ၁၂ တန်း ရခိုင်စာဘာသာ သင်ရိုးသစ်မှာ ရခိုင်က စာရေးဆရာတွေရဲ့ ကဗျာ၊ ၀တ္ထုတိုတွေနဲ့ ရခိုင်စကားအသုံးအနှုန်း၊ ဝေါဟာရတွေကို ထည့်သွင်း ပြဌာန်းထားပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပလက်၀မြို့နယ်မှာ ချင်းလူမျိုးနဲ့ ချင်းမျိုးနွယ်စုဝင် ၈၈၅၇၇ ဦး၊ ရခိုင်လူမျိုးနဲ့ ရခိုင်မျိုးနွယ်စုဝင် ၁၈၂၃၄ ဦး၊ ဗမာ ၁၄၉ ဦး၊ မွန် ၄ ဦး၊ ရှမ်း ၄ ဦး နေထိုင်ကြပါတယ်။ AA ဟာ ရခိုင်ပြည်နယ်နဲ့ ထိ စပ်နေတဲ့ ပလက်၀မြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အလုံးစုံသိမ်းယူခဲ့ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေအပြင် ပညာရေး၊ကျန်းမာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေပါ ဆောင်ရွက်တောပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်