Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေဝင်ကျောက်ဂူထဲ ပိတ်မိခဲ့ဖူးတဲ့ ထိုင်းလူငယ်တစ်ဦး ဗြိတိန်နိုင်ငံမှာ ကွယ်လွန်

ရေဝင် ကျောက်ဂူထဲ ပိတ်မိနေတဲ့ လူငယ်တွေကို ရေငုပ်သမားတွေက ရှာတွေ့တဲ့အချိန် မီးရောင်မှာ မြင်ခဲ့ရတဲ့ ပရွန်သပ်ရဲ့ ပြုံးပျော်နေတဲ့ မျက်နှာဟာ အဲဒီတုန်းက သမိုင်းဝင် ပုံရိပ်တစ်ခုတောင် ဖြစ်ခဲ့ဖူးပါတယ်။

ရေဝင်ကျောက်ဂူထဲ ပိတ်မိခဲ့ဖူးတဲ့ ထိုင်းလူငယ်တစ်ဦး ဗြိတိန်နိုင်ငံမှာ ကွယ်လွန်
ရေဝင်ကျောက်ဂူထဲ ပိတ်မိခဲ့ဖူးတဲ့ ထိုင်းလူငယ်တစ်ဦး ဗြိတိန်နိုင်ငံမှာ ကွယ်လွန်

တစ်ချိန်က ကျောက်ဂူကြီး တစ်ခုထဲမှာ ပိတ်မိခဲ့တဲ့ ကမ္ဘာကျော် ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ထိုင်းလူငယ် တစ်ဦးဟာ ဗြိတိန်နိုင်ငံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဒူယန်ပက်ခ် ပရွန်သပ်ဟာ ၂၀၁၈ တုန်းက ထိုင်းနိုင်ငံက ထုံးကျောက်လှိုဏ်ဂူကြီး တစ်ခုထဲ ရေဝင်သွားရာက ပြန်ထွက်လို့ မရဘဲ ပိတ်မိသွားတဲ့ လူငယ် ဘောလုံးအသင်းရဲ့ အဖွဲ့သား ၁၂ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။ သူတို့ ၁၂ ယောက်ကို ကယ်တင်တဲ့ လုပ်ငန်းစဉ်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြရပါတယ်။

အဲဒီနောက်မှာတော့ လူငယ်တွေရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီး ပိုမိုကောင်းမွန်တဲ့ လူနေမှု ဘဝနဲ့ ပညာသင်ယူခွင့်တွေ ရရှိလာခဲ့ပါတယ်။ ပရွန်သပ်ကတော့ ပြီးခဲ့တဲ့နှစ်က လက်စတာရှိုင်းယားမှာရှိတဲ့ ဘရွတ်ခ်ဟောက်စ် ကောလိပ် ဘောလုံး အကယ်ဒမီမှာ တက်ရောက်ခွင့် ရခဲ့ပါတယ်။

သူဟာ ကျောက်ဂူထဲက ကယ်ထုတ်ခဲ့ရတဲ့ ထိုင်းလူငယ် ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နည်းပြ အပါအဝင် လူငယ်တွေဟာ ချင်းရိုင် ဒေသက ကျောက်ဂူကြီး တစ်ခုထဲမှာ ၂ ပတ်လောက်ကြာအောင် ပိတ်မိနေခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဗြိတိန်နိုင်ငံမှာ သူဘာကြောင့် ကွယ်လွန်သွားသလဲ ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ဦးခေါင်း ထိခိုက်မှု တစ်ခုကြောင့်လို့တော့ ကနဦး သတင်းရရှိထားပါတယ်။ အသင်းဖော်တွေက ဒွမ်လို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ လူငယ်လေးဟာ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လက သူ့အနေနဲ့ ဗြိတိန်က ဘောလုံး အကယ်ဒမီ တစ်ခုမှာ သွားရောက် ပညာသင်ယူခွင့် ရတော့မယ်လို့ Instagramကနေ ရေးသား ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အသင်းဖော်တွေအပြင် ထိုင်းတစ်နိုင်ငံလုံးပါ သူ့အတွက် ဝမ်းသာ ပျော်ရွှင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ၆ လ အကြာမှာတော့ အဖွဲ့သားတွေအားလုံး သူတို့ရဲ့ သူငယ်ချင်းအတွက် ပူဆွေးနေရပြီ ဖြစ်ပါတယ်။

ပရွန်သပ် ကွယ်လွန်ချိန်မှာ အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။ သူဟာ တောဝက်ရိုင်း ဘောလုံးအသင်းက သူငယ်ချင်းတွေနဲ့အတူ ဂူထဲမှာ ပိတ်မိနေချိန်တုန်းက အသက် ၁၃ နှစ် ပြည့်ခဲ့တာပါ။ သူ့အသင်းဖော်တွေကတော့ အဲဒီအချိန်မှာ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား အသီးသီး ရှိခဲ့ကြပါတယ်။

ရေဝင် ကျောက်ဂူထဲ ပိတ်မိနေတဲ့ လူငယ်တွေကို ရေငုပ်သမားတွေက ရှာတွေ့တဲ့အချိန် မီးရောင်မှာ မြင်ခဲ့ရတဲ့ ပရွန်သပ်ရဲ့ ပြုံးပျော်နေတဲ့ မျက်နှာဟာ အဲဒီတုန်းက သမိုင်းဝင် ပုံရိပ်တစ်ခုတောင် ဖြစ်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။