နိုဝင်ဘာ-၃၊၂၀၂၆။ကတ်သရင်း/ People’s Spring
မကွေးတိုင်း၊ဖက်ဒရယ်ယူနစ်အောက်က စစ်ကြောင်း(၁၃)ယာယီစစ်ကြောင်းမှူးနဲ့စစ် ထောက်လှမ်းရေး(IO)တာဝန်ယူထားသူတဦးတို့ စစ်တပ်နဲ့ပူးပေါင်ပြီးနောက် စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ရဲဘော် ၁ဦး ကျဆုံးကာ လသားအရွယ် ကလေးငယ် ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန စစ်ကြောင်း၁၃က ယာယီစစ်ကြောင်းမှူး လယ်ဗယ်တူး နဲ့ IO အသေးလေးဆိုသူတို့ဟာ ရှေ့တန်းတာဝန်ထမ်းဆောင်ရာနေရာကနေအပြင်ခဏ ဟုဆိုကာ ပခုက္ကူမြို့ပေါ်က စစ်တပ်နဲ့ပူးပေါင်းသွားတာလို့ စုံစမ်းသိရပါတယ်။
“စစ်ကြောင်းမှူးဆိုပြီး အကြီးထင်နေကြတာ။ဒီကောင်က သူ့တပ်မှာ စုမှူးအဆင့်လောက်ပဲ ရှိမှာ။ဒီမှာကအခု စစ်ကြောင်းတွေက များတော့စစ် ကြောင်းမှူးတွေလည်း အကုန်တာဝန်ယူထားရလို့ သူက အတွေ့အကြုံရှိတယ်ဆိုပြီး ခဏ ဒီတာဝန် ပေးထားတာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
၎င်းတို့ စစ်တပ်နဲ့ ပူးပေါင်းပြီးနောက် နိုဝင်ဘာ၂ ရက်ညနေ၆နာ ရီ ကျော်မှာ မြိုင်မြို့ရဲ့ အရှေ့ဘက်က လမ်းဆုံကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြဲခဲ့တာမို့ အလုပ်ကိစ္စနဲ့ အပြင်ထွက်လာတဲ့ မတ္တရာမြို့နယ်ဇာတိ ရဲဘော် ၁ဦး(လက်ရှိမြိုင်မြို့နယ်ပကဖရဲ ဘော်)ကျဆုံးခဲ့သလို ၂လသားအရွယ်က လေးငယ် ၁ဦးလည်းဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
လက်နက်နှစ်လက်နဲ့အတူ စစ်တပ်ထံအညံခံပူးပေါင်းသွားသူနှစ်ဦးဟာ Young Force UG အဖွဲ့ က ဖြစ်ပြီး ပခုက္ကူမြို့နယ်တွင်းကလို့ သိရပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းသွားသူတွေ နဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ် တာ၀န်ရှိသူတွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေဟာ ပေါက် နဲ့ မြိုင်မြို့နယ် ကပ်လျက်မှာရှိတဲ့ ရေနံ မြေဒေသတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ၂ လနီးပါးကြာတိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။
ဒါကြောင့်လည်း စစ်တပ်က နေ့စဉ်နီးပါး လေကြောင် တိုက်ခိုက်မှုတွေရှိနေပြီးအောက်တိုဘာ ၂၄ ရက်ကလည်းစစ်တပ်ကဗုံးကြဲလို့ အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရခဲ့တာရှိခဲ့ပါတယ်။





















































