Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး
မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

မန္တလေးမြို့ရှိ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းစစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်ဖြစ်သူအား မတရားဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၉ ရက်) နံနက် ၁၁ နာရီခန့်က မန္တလေးမြို့ ၆၆ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဇလုံကြီးဟင်းအနှစ်ထုပ်ရောင်းသော ဆိုင်ပိုင်ရှင်အား စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း MDY Revolutionက ဖော်ပြသည်။

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

သို့သော် Boycott လုပ်သည့် ဇလုံကြီးမှာ ယခုဟင်းအနှစ်ထုပ်လုပ်ငန်းမဟုတ်ဘဲ မန္တလေးရှိ အခြားသော ဇလုံကြီးထမင်းဆိုင်ဖြစ်ကာ စစ်ကောင်စီထောက်ခံသူဖြစ်၍ Boycottအလုပ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကလည်း ယမန်နေ့က Facebook စာမျက်နှာမှတဆင့် ပြန်လည်ရှင်းလင်းခဲ့သည်။

“ယခုဖြစ်ပွါးနေတဲ့ ကျွန်တော်တို့ ဇလုံကြီးကို Boycott တဲ့ကိစ္စလေးနဲ့ပတ်သတ်ပြီး ရှင်းပြပေးချင်လို့ပါ။ ဖြစ်ခဲ့တဲ့ကိစ္စကတော့ ကျွန်တော်တို့ရဲ့ ဇလုံကြီး ဝန်ထမ်းတစ်ဦးကနေ ငွေကြေးကိစ္စအကျင့်ပျက်ချစားမှုကြောင့် လုပ်ငန်းကအလုပ်ဖြုတ်လိုက်တဲ့ အချိန်မှာ Personal မကျေနပ်ချက်ကြောင့် နိုင်ငံရေးကိုခုတုန်းလုပ်ပြီး နာမည်ဖျက်ခံလိုက်ရတာပါခင်ဗျာ။ ကျွန်တော်တို့ ဇလုံကြီးကတော့ ဘာနဲ့မှသက်ဆိုင်ခြင်းမရှိဘဲ တစ်နိုင်တစ်ပိုင်မိသားစုစီးပွါးရေးလေးပါခင်ဗျ။”ဟု ရေးသားထားသည်။

စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်တွင် ဇလုံကြီးအနှစ်ထုပ်သည် PDF ထောက်ပို့ဟု စွပ်စွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားဖြစ်သည်။

“အာချောင်သူတွေကြောင့် လုပ်ငန်းငယ်လေးတစ်ခုအဖမ်းခံလိုက်ရတာ။ ဘာမှမဆိုင်ဘဲ။”မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက စတင်နာမည်ရလာခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက်မြန်မာများ ဝယ်ယူစားသုံးလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။