Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး
မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

မန္တလေးမြို့ရှိ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းစစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်ဖြစ်သူအား မတရားဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မတ်လ ၉ ရက်) နံနက် ၁၁ နာရီခန့်က မန္တလေးမြို့ ၆၆ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ဇလုံကြီးဟင်းအနှစ်ထုပ်ရောင်းသော ဆိုင်ပိုင်ရှင်အား စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း MDY Revolutionက ဖော်ပြသည်။

ပြည်ပနိုင်ငံရောက် ပန်ဆယ်လိုက ၎င်းဖွင့်လှစ်လိုက်သည့် ဆိုင်တွင် ဇလုံကြီးဟင်းအနှစ်ထုပ်ရရှိနိုင်ကြောင်း ပုံတွဲတင်ခဲ့ရာမှတဆင့် ဇလုံကြီး Boycott ကိစ္စလူမှုကွန်ရက်တွင် ဝေဖန်မှုများရှိခဲ့သည်။

သို့သော် Boycott လုပ်သည့် ဇလုံကြီးမှာ ယခုဟင်းအနှစ်ထုပ်လုပ်ငန်းမဟုတ်ဘဲ မန္တလေးရှိ အခြားသော ဇလုံကြီးထမင်းဆိုင်ဖြစ်ကာ စစ်ကောင်စီထောက်ခံသူဖြစ်၍ Boycottအလုပ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကလည်း ယမန်နေ့က Facebook စာမျက်နှာမှတဆင့် ပြန်လည်ရှင်းလင်းခဲ့သည်။

“ယခုဖြစ်ပွါးနေတဲ့ ကျွန်တော်တို့ ဇလုံကြီးကို Boycott တဲ့ကိစ္စလေးနဲ့ပတ်သတ်ပြီး ရှင်းပြပေးချင်လို့ပါ။ ဖြစ်ခဲ့တဲ့ကိစ္စကတော့ ကျွန်တော်တို့ရဲ့ ဇလုံကြီး ဝန်ထမ်းတစ်ဦးကနေ ငွေကြေးကိစ္စအကျင့်ပျက်ချစားမှုကြောင့် လုပ်ငန်းကအလုပ်ဖြုတ်လိုက်တဲ့ အချိန်မှာ Personal မကျေနပ်ချက်ကြောင့် နိုင်ငံရေးကိုခုတုန်းလုပ်ပြီး နာမည်ဖျက်ခံလိုက်ရတာပါခင်ဗျာ။ ကျွန်တော်တို့ ဇလုံကြီးကတော့ ဘာနဲ့မှသက်ဆိုင်ခြင်းမရှိဘဲ တစ်နိုင်တစ်ပိုင်မိသားစုစီးပွါးရေးလေးပါခင်ဗျ။”ဟု ရေးသားထားသည်။

စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်တွင် ဇလုံကြီးအနှစ်ထုပ်သည် PDF ထောက်ပို့ဟု စွပ်စွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားဖြစ်သည်။

“အာချောင်သူတွေကြောင့် လုပ်ငန်းငယ်လေးတစ်ခုအဖမ်းခံလိုက်ရတာ။ ဘာမှမဆိုင်ဘဲ။”မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက စတင်နာမည်ရလာခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက်မြန်မာများ ဝယ်ယူစားသုံးလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook