Connect with us

Hi, what are you looking for?

သတင်း

(၁၀)တန်းစာမေးပွဲရက်အတွင်း မန္တလေးမြို့၌တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟု မြနန္ဒာစစ်ဆင်ရေးအ‌ဖွဲ့ပြော

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

(၁၀)တန်းစာမေးပွဲရက်အတွင်း မန္တလေးမြို့၌တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟု မြနန္ဒာစစ်ဆင်ရေးအ‌ဖွဲ့ပြော
(၁၀)တန်းစာမေးပွဲရက်အတွင်း မန္တလေးမြို့၌တိုက်ခိုက်မှုပြုလုပ်မည်မဟုတ်ဟု မြနန္ဒာစစ်ဆင်ရေးအ‌ဖွဲ့ပြော

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ရက်အတွင်း မြနန္ဒာစစ်ဆင်ရေးအဖြစ် မန္တလေးမြို့၌ တိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အဆိုပါ စစ်ဆင်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခ(စစ်ကောင်စီတပ်သား)တွေက ရှယ်ပတ်နေတာ။ အခုဟာက ခတွေပတ်လို့မဟုတ်ဘူး။ ဆယ်တန်းစာမေးပွဲကြောင့် “ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် နှစ်လအတွင်း ဖောက်ခွဲတိုက်ခိုက်မှုများ ၃၀ခန့် ပြုလုပ်ခဲ့ပြီးစစ်ကောင်စီဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၈ ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ဦးရေ ၁၈၀,၀၀၀ ခန့်သာရှိကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။