Connect with us

Hi, what are you looking for?

သတင်း

မောက်မယ်မြို့နယ် နမ့်ပါတက်ရွာခံတစ်ဦး RCSS ​ထောင်ထား​သော မိုင်းနင်းမိ၍ သေဆုံးဟု ဒေသခံပြော

RCSSက နောင်ခါး နမ့်ပါတက် ကျေးရွာများ၏ စာသင်ကျောင်း၌ တပ်စွဲထား၍ ဒေသခံ ကလေးငယ်များ စာမသင်နိုင်ဘဲဖြစ်နေကြောင်းဒေသခံကပြောသည်။

(မိုင်းနင်းမိပြီး​သေဆုံးခဲ့​သောခွန်​မောင်သံ ​၏ ရုပ်အ​လောင်းကို ​ဒေသခံများက သယ်​ဆောင်ရန်ပြင်ဆင်​နေကြစဥ်။ ဓာတ်ပုံ - CJ)
(မိုင်းနင်းမိပြီး​သေဆုံးခဲ့​သောခွန်​မောင်သံ ​၏ ရုပ်အ​လောင်းကို ​ဒေသခံများက သယ်​ဆောင်ရန်ပြင်ဆင်​နေကြစဥ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နမ့်ပါတက်ရွာတွင် ဒေသခံ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ပအိုဝ်းဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၂၃ရက်က အသက် (၃၂)နှစ်အရွယ်ရှိ ခွန်မောင်သန်းဆိုသူသည် ၎င်း၏ တောင်ယာသို့ သွားရောက်စဉ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ထောင်ထားသည့် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ခွန်မောင်သန်းက သူက တောင်ရွာသွားတာ။ သွားတော့ သူတို့ရွာအနောက်မြောက်ဘက်မှာ ရှိတာ။ အဲဒီမှာ သွားရင်းလမ်းမှာ RCSSက ထောင်ထားတဲ့ မိုင်းကို နင်းမိတာ”ဟု ၎င်းက ဆိုသည်။

ဒေသခံများက မိုင်းကွဲသည့်နေရာကို သွားရန် ကြိုးပမ်းခဲ့သော်လည်း RCSSတပ်သားများက မိုင်းကွဲရာနေရာသို့တက်သွား၍ ရွာသားများက မသွားခဲ့ကြောင်း၊ ခွန်မောင်သန်း၏ အလောင်းကို ဇူလိုင် ၂၄ရက် နံနက်တွင် ပြန်တွေ့ခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရွာသားတွေက ခွန်မောင်သန်း အိမ်ပြန်ရောက်မလာလို့ဆိုပြီးအဲဒီ မိုင်းကွဲတဲ့ဘက်ကို သွားရှာတော့ ခွန်မောင်သန်းရဲ့အလောင်းကို တွေ့ရတာပေါ့”ဟု ဒေသခံက ပြောသည်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ရက်ကလည်း RCSS ထောင်ထားသည့် မိုင်းကြောင့်အမျိုးသမီးတစ်ဦး ထိခိုက်ခဲရကြောင်း ၎င်းက ဆိုသည်။

“RCSS အနေနဲ့ ကျနော်တို့ ဒေသခံတွေရဲ့ တောင်ယာတွေ၊ တောင်ယာသွားတဲ့ လမ်းတွေမှာပဲ မိုင်းထောင်တယ်ဆိုတာက သူတို့ စစ်တိုက်တာက စစ်တပ်အချင်းချင်းတိုက်တာလား ကျနော်တို့ ရွာသားကို စစ်တိုက်ချင်တာလား ရန်သူသတ်မှတ်ပြီး မိုင်းထောင်ဗုံးခွဲ စစ်တိုက်နေတာလား မေးစရာဖြစ်နေတာပေါ့”ဟု ပအိုဝ်းဒေသခံကပြောသည်။

အဆိုပါ ကဒူးကြီးဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) တပ်များ တည်ရှိသဲ့သို့ RCSS တပ်ကလည်း ယင်းဒေသ၌ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်။

ယင်းဒေသတွင် PNLOနှင့် RCSS အကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။ လက်ရှိတွင်လည်း ဒေသတွင်း၌ PNLOနှင့်RCSS အကြား စစ်ရေးတင်းမာလျက်ရှိသော်လည်း မိုင်းကွဲသည့်နေရာ၌ ပအိုဝ်းစစ်သားများမရှိဟု ဒေသခံက ပြောသည်။

RCSSက နောင်ခါး နမ့်ပါတက် ကျေးရွာများ၏ စာသင်ကျောင်း၌ တပ်စွဲထား၍ ဒေသခံ ကလေးငယ်များ စာမသင်နိုင်ဘဲဖြစ်နေကြောင်းဒေသခံကပြောသည်။

“RCSS အနေနဲ့ စစ်ရေးပစ်မှတ်နဲ့ မဆိုင်တဲ့ ဒေသခံတွေသွားလာတဲ့နေရာမှာ မိုင်းတွေမထောင်ဖို့ မေတ္တာရပ်ခံချင်တာပေါ့”ဟု ဒေသခံကပြောသည်။

RCSSနှင့် PNLOတို့သည်စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ဆွေးနွေးမှုလုပ်ဆောင်နေသည့် အဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။