Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါမှာ အစုလိုက် စတင်မြှုပ်နှံ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

ဩဂုတ် ၂၆ ရက်နေ့တုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ ရေခဲမြစ်တစ်စင်း ကျိုးပျက်ရာက တိဘက်-နီပေါ ဒေသမှာ ကုန်းတွင်းဆူနာမီလိုမျိုး တောင်ကျရေတွေ အလုံးအရင်းစီးဆင်းပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်အပြီး နီပေါဖက်မှာရော၊ တိဘက်မှာပါ အသေအပျောက် အများအပြား ရှိခဲ့ပြီး နီပေါဖက်ခြမ်းက အခြေအနေ ပိုဆိုးပါတယ်။ တချို့နေရာတွေမှာ ရေကြီးပြီး ရွှံ့ရေတွေ ဖုံးသွားလို့ ရွာလုံးကျွတ် ပျောက်ကွယ်သွားကြောင်း နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဩဂုတ် ၃၁ ရက် စာရင်းတွေအရ နီပေါမှာ ရုပ်အလောင်း ၉၀၃ ခုကို ရှာတွေ့ထားပြီး နိုင်ငံခြားသား ၅၉၂ ဦး အပါအဝင် ၄၂၄၇ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ တိဘက်မှာတော့ သေဆုံးသူ ၁၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၅၄၆ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

နီပေါရဲ့ နယ်စပ်ဒေသမှာ ရှာတွေ့တဲ့ ရုပ်အလောင်း အရေအတွက်က အရမ်းတိုးလာနေပြီး ရေခဲတိုက်လည်း သေသေချာချာ မရှိတာကြောင့် အလောင်းတွေက ပုပ်ပွတာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း အလောင်းတွေကို ဘယ်သူဘယ်ဝါ မခွဲခြားနိုင်ပေမယ့် အစုလိုက် မြှုပ်နှံတာတွေကို တစ်သုတ်ချင်းစီ စတင် ဆောင်ရွက်နေပါတယ်။

နီပေါ အာဏာပိုင်တွေက ရုပ်အလောင်းတွေဆီက DNA နမူနာတွေကိုတော့ စုဆောင်းယူပြီး မှတ်သားထားကြောင်း ဆိုပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ မိသားစုတွေက ကွယ်လွန်သူတွေရဲ့ အလောင်းတွေကို ပြန်ဖော်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးနိုင်စေဖို့ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေက သောကကြီးစွာနဲ့ သတင်းနားစွင့်နေရင်း ရုပ်အလောင်း အသစ်တွေ ရှာတွေ့တိုင်း သူတို့ ချစ်ခင်တဲ့သူ ဖြစ်နေမလား ဆိုတာကို စိုးရိမ်တကြီးနဲ့ သွားကြည့်ကြပါတယ်။ စုံစမ်းရေး စင်တာမှာတော့ အသစ်တွေ့ရှိတဲ့ ရုပ်အလောင်းတွေရဲ့ ဓာတ်ပုံတွေကို LCDတွေနဲ့ ပြသထားပါတယ်။ ဒါပေမဲ့ အလောင်းအများစုဟာ ဘယ်သူဘယ်ဝါ ခွဲခြားသိနိုင်ဖို့ ခက်ခဲလွန်းတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေက တချို့သော အလောင်းတွေဟာ အိန္ဒိယ နယ်စပ်လောက်ထိ ရေစီးနဲ့ ဝေးဝေးလံလံ ပါသွားပုံရကြောင်း ခန့်မှန်းထားပါတယ်။

ဩဂုတ် ၃၀ ညပိုင်းတုန်းက မိုးတွေရွာသလို ရေကြီးမှု ဖြစ်ပေါ်စေခဲ့တဲ့ သဘာဝ ရေတားကန်ထဲမှာ ရေမျက်နှာပြင် ပြန်လည် မြင့်တက်လာတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါသေးတယ်။

အမေရိကန်နဲ့ ကနေဒါ အစိုးရတွေက နီပေါမှာ လူသားချင်း စာနာမှု အကူအညီတွေအတွက် ဒေါ်လာ ၃.၆ သန်းစီ ထောက်ပံ့ပေးပို့မယ်လို့ ကြေညာထားပြီး ဗြိတိန်ကတော့ ဒေါ်လာ ၆.၈ သန်း ပံ့ပိုးဖို့ ကမ်းလှမ်းထားပါတယ်။ ကုလသမဂ္ဂ (UN)ကလည်း အရေးပေါ် အကူအညီပေးရေး ရန်ပုံငွေထဲက ဒေါ်လာ ၂.၅ သန်းကို နီပေါအစိုးရဆီ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။