Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတွင် တိုက်ပွဲဖြစ်

ကရင်နီ(ကယား)ဒေသအတွင်း အထိနာနေသော စစ်ကောင်စီတပ်က ဇွန်လလယ်ပိုင်းကစ၍ ရှမ်းပြည်နယ် အခြေစိုက်တပ်ရင်းများ အပါအဝင် တပ်မ (၄၄)၊ (၅၅)၊(၆၆)နှင့်(၉၉) လက်အောက်ခံတပ်ရင်းများစွာကို ဖြန့်ကျက်ပို့ဆောင်လျက်ရှိသည်။

(ပြီးခဲ့သည့် မေလအတွင်းက ဒေါညင်းခူ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့် မေလအတွင်းက ဒေါညင်းခူ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူများအသွားအလာလုံးဝမပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၂ရက်)နံနက်ပိုင်းက ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်မှတဆင့် စစ်ကောင်စီ၏ တပ်ဖွဲ့များမှာ ဖရူဆိုမြို့သို့ဦးတည်၍ စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဟု ဆိုသည်။

အထက်ပါ စစ်ရေးအ​ခြေနေများကြောင့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းပိုင်းအားအသုံးပြု၍ အသွားလာနေကြသောပြည်သူများအနေဖြင့် မြေပြင်စစ်ရေးအခြေနေအရ ယနေ့မှစ၍ အထက်ပါလမ်းအား ယာယီပိတ်ထားမည်ဖြစ်ပြီးဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် KNDF က တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

” အရင်လပိုင်းကတည်းက ဒီးမော့ဆို ဘက်က စစ်ရေးအရ ငြိမ်တယ်ဆိုပေမယ့် ရံဖန်ရံခါတော့ ထိတွေ့မှုရှိတယ်။အခုကတော့ သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်နေတယ်ပေါ့။ဘာရည်ရွယ်ချက်နဲ့ ထိုးလာလဲဆိုတာ မသိရပေမယ့် အဓိကတော့ သူတို့အတွက် နယ်မြေစိုးမိုးရေးပဲလို့ မြင်တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီရက်ပိုင်းကလည်း နယ်မြေစိုးမိုးရေးနှင့် ရိက္ခာများအဆက်မပြတ်ဖြည့်တင်းနေသော လွိုင်ကော် – မိုးဗြဲလမ်းပိုင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်၂၀ ဦးသေဆုံး​ပြီး ကရင်နီပူးပေါင်းတပ်က လက်နက် ရှစ်လက်ရရှိခဲ့သည်။

ကရင်နီ(ကယား)ဒေသအတွင်း အထိနာနေသော စစ်ကောင်စီတပ်က ဇွန်လလယ်ပိုင်းကစ၍ ရှမ်းပြည်နယ် အခြေစိုက်တပ်ရင်းများ အပါအဝင် တပ်မ (၄၄)၊ (၅၅)၊(၆၆)နှင့်(၉၉) လက်အောက်ခံတပ်ရင်းများစွာကို ဖြန့်ကျက်ပို့ဆောင်လျက်ရှိသည်။

ထို့ကြောင့် လက်ရှိ ဖရူဆို၊ဖားဆောင်း၊မယ်စဲ့၊လွိုင်ကော် နှင့် မိုးဗြဲမြို့တို့တွင် တိုက်ပွဲများနေ့စဥ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။