Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတွင် တိုက်ပွဲဖြစ်

ကရင်နီ(ကယား)ဒေသအတွင်း အထိနာနေသော စစ်ကောင်စီတပ်က ဇွန်လလယ်ပိုင်းကစ၍ ရှမ်းပြည်နယ် အခြေစိုက်တပ်ရင်းများ အပါအဝင် တပ်မ (၄၄)၊ (၅၅)၊(၆၆)နှင့်(၉၉) လက်အောက်ခံတပ်ရင်းများစွာကို ဖြန့်ကျက်ပို့ဆောင်လျက်ရှိသည်။

(ပြီးခဲ့သည့် မေလအတွင်းက ဒေါညင်းခူ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ပြီးခဲ့သည့် မေလအတွင်းက ဒေါညင်းခူ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည်ကို မြင်တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူများအသွားအလာလုံးဝမပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၂ရက်)နံနက်ပိုင်းက ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးပေါ်မှတဆင့် စစ်ကောင်စီ၏ တပ်ဖွဲ့များမှာ ဖရူဆိုမြို့သို့ဦးတည်၍ စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဟု ဆိုသည်။

အထက်ပါ စစ်ရေးအ​ခြေနေများကြောင့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းပိုင်းအားအသုံးပြု၍ အသွားလာနေကြသောပြည်သူများအနေဖြင့် မြေပြင်စစ်ရေးအခြေနေအရ ယနေ့မှစ၍ အထက်ပါလမ်းအား ယာယီပိတ်ထားမည်ဖြစ်ပြီးဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် KNDF က တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

” အရင်လပိုင်းကတည်းက ဒီးမော့ဆို ဘက်က စစ်ရေးအရ ငြိမ်တယ်ဆိုပေမယ့် ရံဖန်ရံခါတော့ ထိတွေ့မှုရှိတယ်။အခုကတော့ သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်နေတယ်ပေါ့။ဘာရည်ရွယ်ချက်နဲ့ ထိုးလာလဲဆိုတာ မသိရပေမယ့် အဓိကတော့ သူတို့အတွက် နယ်မြေစိုးမိုးရေးပဲလို့ မြင်တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီရက်ပိုင်းကလည်း နယ်မြေစိုးမိုးရေးနှင့် ရိက္ခာများအဆက်မပြတ်ဖြည့်တင်းနေသော လွိုင်ကော် – မိုးဗြဲလမ်းပိုင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်၂၀ ဦးသေဆုံး​ပြီး ကရင်နီပူးပေါင်းတပ်က လက်နက် ရှစ်လက်ရရှိခဲ့သည်။

ကရင်နီ(ကယား)ဒေသအတွင်း အထိနာနေသော စစ်ကောင်စီတပ်က ဇွန်လလယ်ပိုင်းကစ၍ ရှမ်းပြည်နယ် အခြေစိုက်တပ်ရင်းများ အပါအဝင် တပ်မ (၄၄)၊ (၅၅)၊(၆၆)နှင့်(၉၉) လက်အောက်ခံတပ်ရင်းများစွာကို ဖြန့်ကျက်ပို့ဆောင်လျက်ရှိသည်။

ထို့ကြောင့် လက်ရှိ ဖရူဆို၊ဖားဆောင်း၊မယ်စဲ့၊လွိုင်ကော် နှင့် မိုးဗြဲမြို့တို့တွင် တိုက်ပွဲများနေ့စဥ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။