Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်​​ထောက်ပို့​လေယာဥ်မှကျဲချ​သောခဲယမ်းအချို့ ဒီးမော့ဆိုPDF သိမ်းဆည်းရရှိ

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နှင့် မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများဖြစ်ပွားနေသည်။

(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကောင်စီ၏ထောက်ပို့လေယာဥ်မှကျဲချခဲ့သည့်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ရေးအရပြင်းထန်နေသည့်ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီကမြေပြင်၊ဝေဟင်မှတဆင့်အင်အားများဆက်တိုက်တိုး၍ ထိုးစစ်ဆင်​နေပြီး ခဲယမ်းများကိုလည်း​လေ​ကြောင်းမှ ပို့​ဆောင်စဥ်ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်က ယခုရက်သတ္တပတ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီးမော့ဆို အနောက်ခြမ်းမှာလည်းရသလိုအရှေ့ခြမ်းမှာလည်းရတာရှိတယ်။လက်ရှိစစ်ရေးအရအတိအကျမပြောလိုဘူး”ဟု အထက်ပါတာဝန်ရှိသူကရှင်းပြသည်။

(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)

ယနေ့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များထံမှ ထွက်ပေါ်လာသည့် ရုပ်သံဖိုင်မှတ်တမ်းအရ ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးကာ ၄၀ မမ ဗုံးသီး အလုံး ၅၀ ပါသည့်သေတ္တာကိုတွေ့ရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီကကရင်နီပြည်နယ်သို့ ရှမ်း ပြည်နယ်အခြေစိုက်တပ်ရင်းများပို့ဆောင်ထားပြီး အထူးသဖြင့် ဖယ်ခုံ၊ဒီးမော့ဆို၊ရွာသစ်၊ဖားဆောင်း မြို့နယ် သို့ တပ်ရင်း ၆ ရင်းခန့် ရောက်ရှိနေပြီ ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ဒီးမော့တို အနောက်ခြမ်း နန်းမယ်ခုံ ဘက်မှာ တပ်ရင်း တစ်ရင်းစာပို့နေတယ်။ဖား​ဆောင်းမှာဆိုတပ်ရင်းနှစ်ရင်းဝင်နေပြီ၊ရွာသစ်ဘက်ကတော့ အထူးစစ်ဆင်ရေး အနေနဲ့ စကစ ဘက်က ဝင်နေတာရှိတယ်။တိုက်ပွဲလည်း နေ့စဥ်နီးပါးဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။

(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ ဓါတ်ပုံ-CJ)

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နှင့် မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရာတွင် အောင်မြင်မှုများစွာရရှိနေသော ကရင်နီဒေသကို စစ်ကောင်စီက လေကြောင်း အပြင် တပ်မ ၅၅ ၊ တပ်မ ၆၆ ၊ တပ်မ ၄၄၊တပ်မ ၉၉ အစရှိသည့် တပ်မ လေးခု အပြင် ရှမ်းပြည်နယ် အခြေစိုက် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊(စကခ ၁၈) လက် အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေ​ခြင်းဖြစ်သည်။သို့​သော် ကရင်နီပူး​ပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှု ၊တန်ပြန်ထိုးစစ်​ကြောင့် ကရင်နီတွင် စစ်​ကောင်စီတပ်အထိနာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။