Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုတိုက်ပွဲ၌ KNDF စစ်ကြောင်းမှူး​ ကျဆုံး၊ ဈာပနအခမ်းအနား ပြုလုပ်

ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့် လက်နက်များရရှိထားသော်လည်း အသေး စိတ်အချက်အလက်ကိုမူ စစ်ရေးအခြေအနေအရ KNDF က ထုတ်ပြန်ခြင်းမရှိသေးပေ။

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ဖရူဆိုတိုက်ပွဲ၌ စစ်ကြောင်းမှူး ကာဗြေလယ် (ခ) ကြက်ဖကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးအသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၅)က ယနေ့ ထုတ်ပြန်သည်။

KNDF တပ်ရင်း(၅)နှင့် ပူးတွဲ၍ ကရင်နီတပ်‌ပေါင်းစု ကွန်မန်ဒိုတွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖသည် စက်တင်ဘာ ၂၇ ရက်က ဖရူဆိုမြို့နယ် ထားလဲ ကျေးရွာအနီးတွင် ကျဆုံးခဲ့ရခြင်းဟု ဆိုသည်။

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

“ထားလဲနဲ့ နန်းဖဲကို စကစဘက်က နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးနေတာ။တိုက်ပွဲက နေ့တိုင်းနီးပါးဖြစ်တယ်။အဲဒီကျေးရွာနှစ်ခုကို သူတို့ဘက် က ထိန်းချုပ်နိုင်ဖို့ လုပ်နေတာပေါ့။ပြောရမယ်ဆို ဖရူဆိုဘက်က စကစ ယာဥ်တန်းဖြတ်နိုင်ဖို့ဆိုတာ ဒီနှစ်ရွာက အရေးကြီးတဲ့ နေရာပေါ့”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့် လက်နက်များရရှိထားသော်လည်း အသေး စိတ်အချက်အလက်ကိုမူ စစ်ရေးအခြေအနေအရ KNDF က ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

လွိုင်ကော်မှတဆင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးအတိုင်း ဘောလခဲမြို့သို့ အစီးရေ ၁၀၀ ကျော်ပါ ယာဥ်တန်းပို့ဆောင်ရန် စစ်ကောင်စီက သြဂုတ်နောက်ဆုံးပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

သို့သော် ကရင်နီပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် တစ်လကျော်သည်အထိ အဆိုပါ ယာဥ်တန်းမှာ ဘောလခဲမြို့သို့ မရောက်ရှိသေးပေ။

စစ်ကောင်စီက ယာဥ်တန်းများ လိုရာရောက်ရှိနိုင်ရေးအတွက် မြေပြင်စစ်ကြောင်းထိုးရာတွင် အင်အား ၂၀၀ ထက်မနည်းအသုံးပြုထားကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။