Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်ကောင်စီက တပ်ရင်း ၁၁ရင်းအထိ အသုံးပြုထိုးစစ်ဆင်နေဟု KNDF ပြော

မြေပြင်စစ်ရေးအချက်အလက်များအရ ယခုနှစ် မေလဆန်းပိုင်းကစ၍ ဒီးမော့ဆိုဒေသတိုက်ပွဲများတွင် စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀)၊ ခမရ(၁၁၂)နှင့် ခလရ (၃)တို့ကို အသုံးပြုခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီက တပ်ရင်း ၁၁ရင်းအထိ အသုံးပြု ထိုးစစ်ဆင်လျက်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာအမှတ် (၆) စစ်ရေးချုပ် ခူးရီးဒူက ပြောသည်။

ထို့ကြောင့် ခံစစ်အသွင်ဖြင့်ရင်ဆိုင်နေရပြီး ပြန်လှန်ထိုးစစ်ဆင်နိုင်ရန် “ကရင်နီပြည်ရောက် မအလ ‘တပ်မ’ ပျောက်” ကျပ်သိန်းတစ်သောင်းရရှိရေး ကမ်ပိန်းကို ယနေ့(သြဂုတ် ၂၃ရက်)တွင် စတင် ကြောင်း ၎င်းက ဆိုသည်။

“ဘာကြောင့် ဒီကမ်ပိန်းကိုစတင်လုပ်ဆောင်ရသလဲဆိုရင် ကရင်နီပြည်သည် တစ်နိုင်ငံလုံးမှာရှိတဲ့ တခြားသောနေရာဒေသတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် စစ်ရေချိန်က အမြင့်ဆုံးအနေအထားမှာရောက်ရှိနေပါတယ်။အဲဒီထဲမှာမှ ကျွန်တော်တို့ လက်ရှိ ဒီးမော့ဆို ဗျူဟာ(၆)နယ်မြေအတွင်းမှာဆိုရင် စစ်ကောင်စီဘက်က တပ်ရင်း ၁၁နဲ့ တိုက်ခိုက်နေတာရှိတယ်။အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေဘက်က ကျည်အများအ ပြားလိုအပ်လျက်ရှိတယ်။အခု လက်ရှိမှာလည်း ကျွန်တော်တို့တွေက ခံစစ်အနေအထားမှာရှိ နေတယ်။ခံစစ်ကနေ တန်ပြန်တိုက်စစ်တွေ၊ထိုးစစ်တွေ စတင်နိုင်ဖို့ ဖြစ်တယ်”ဟု ခူးရီးဒူက ရှင်းပြသည်။

ကမ်ပိန်းမှ ရရှိလာသမျှကို ကျည်ဖြည့်တင်းမည် ဖြစ်ကာ ခုခံစစ်မှ တိုက်စစ်များဖွင့်မည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုကမ်ပိန်းကို ပြည်သူများအနေဖြင့် တက်အားသရွေ့ပါဝင်ပေးကြရန်လည်း KNDF ဗျူဟာအမှတ်(၆)စစ်ရေးချုပ်က မေတ္တာရပ်ခံသည်။

နယ်မြေခံ တပ်မ(၅၅)အပါ တပ်မ(၆၆) ၊ တပ်မ (၂၂) ၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီလအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။

“ဒီးမော့ဆိုမှာက အနောက်ခြမ်းဘက်မှာ ပြင်းထန် တိုက်ပွဲမရှိသေးပေမယ့် စစ်ကောင်စီတပ်စွဲထား တဲ့ ကုန်းသာတို့ နန်းမယ်ခုံတို့ဘက်မှာ ထိတွေ့မှု ရံဖန်ရံခါရှိတယ်။အရှေ့ဘက်မှာဆိုရင်တော့ တိုက်ပွဲက ပြင်းထန်နေဆဲပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မြေပြင်စစ်ရေးအချက်အလက်များအရ ယခုနှစ် မေလဆန်းပိုင်းကစ၍ ဒီးမော့ဆိုဒေသတိုက်ပွဲများတွင် စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀)၊ ခမရ(၁၁၂)နှင့် ခလရ (၃)တို့ကို အသုံးပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။