Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုတိုက်ပွဲ၌ KNDF စစ်ကြောင်းမှူး​ ကျဆုံး၊ ဈာပနအခမ်းအနား ပြုလုပ်

ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့် လက်နက်များရရှိထားသော်လည်း အသေး စိတ်အချက်အလက်ကိုမူ စစ်ရေးအခြေအနေအရ KNDF က ထုတ်ပြန်ခြင်းမရှိသေးပေ။

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ဖရူဆိုတိုက်ပွဲ၌ စစ်ကြောင်းမှူး ကာဗြေလယ် (ခ) ကြက်ဖကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးအသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၅)က ယနေ့ ထုတ်ပြန်သည်။

KNDF တပ်ရင်း(၅)နှင့် ပူးတွဲ၍ ကရင်နီတပ်‌ပေါင်းစု ကွန်မန်ဒိုတွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖသည် စက်တင်ဘာ ၂၇ ရက်က ဖရူဆိုမြို့နယ် ထားလဲ ကျေးရွာအနီးတွင် ကျဆုံးခဲ့ရခြင်းဟု ဆိုသည်။

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

“ထားလဲနဲ့ နန်းဖဲကို စကစဘက်က နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးနေတာ။တိုက်ပွဲက နေ့တိုင်းနီးပါးဖြစ်တယ်။အဲဒီကျေးရွာနှစ်ခုကို သူတို့ဘက် က ထိန်းချုပ်နိုင်ဖို့ လုပ်နေတာပေါ့။ပြောရမယ်ဆို ဖရူဆိုဘက်က စကစ ယာဥ်တန်းဖြတ်နိုင်ဖို့ဆိုတာ ဒီနှစ်ရွာက အရေးကြီးတဲ့ နေရာပေါ့”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့် လက်နက်များရရှိထားသော်လည်း အသေး စိတ်အချက်အလက်ကိုမူ စစ်ရေးအခြေအနေအရ KNDF က ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကြောင်းမှူး ကာဗြေလယ်(ခ) ကြက်ဖ၏ စျာပနအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

လွိုင်ကော်မှတဆင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးအတိုင်း ဘောလခဲမြို့သို့ အစီးရေ ၁၀၀ ကျော်ပါ ယာဥ်တန်းပို့ဆောင်ရန် စစ်ကောင်စီက သြဂုတ်နောက်ဆုံးပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

သို့သော် ကရင်နီပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် တစ်လကျော်သည်အထိ အဆိုပါ ယာဥ်တန်းမှာ ဘောလခဲမြို့သို့ မရောက်ရှိသေးပေ။

စစ်ကောင်စီက ယာဥ်တန်းများ လိုရာရောက်ရှိနိုင်ရေးအတွက် မြေပြင်စစ်ကြောင်းထိုးရာတွင် အင်အား ၂၀၀ ထက်မနည်းအသုံးပြုထားကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ်၊ ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။