Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်တွင် စစ်ယာဥ်တန်းမိုင်းရှင်းပေးသည့် စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအတွက် ရှေ့ပြေးမိုင်းရှင်းပေးသည့် စစ်မှုထမ်းဟောင်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သတင်းရရှိသည်။

အောင်မြိုင်ထံမှ သိမ်းဆည်းရမိခဲ့သော သက်သေခံကတ်ပြားနှင့် အသုံးအဆောင်ပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KRA

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအတွက် ရှေ့ပြေးမိုင်းရှင်းပေးသည့် စစ်မှုထမ်းဟောင်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ်၃ရက်) နေ့လယ် ၁၂နာရီဝန်းကျင်က ကျောက်ဆည် – တံတားဦးလမ်းပိုင်းတွင် ကျောက်ဆည်မြို့နယ်၊ ပွတ်တိုင်ကျေးရွာနေ စစ်မှုထမ်းဟောင်းအဖွဲ့(စထဟ)၏ ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ (၅၁)နှစ်အရွယ် ဦးအောင်မြိုင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။


Public Service Announcement

Public Service Announcement

“သူက ကျောက်ဆည်ဘက်ကနေ သူတာဝန်ကျတဲ့လမ်းပိုင်းအထိ ခြေလျင်လျှောက်ပြီး မိုင်းရှိမရှိ တစ်ယောက်တည်း လာရောက်စစ်ဆေးတာပါ။ ခွေးယာဥ်တန်းက တံတားဦးလေတပ်ကို မောင်းသွားပြီးမှ သူရဲ့ ဆိုင်ကယ်ကိုယူပြီး သူ့အိမ်အပြန်မှာ ပစ္စတိုနဲ့ တစ်ချက်ထဲကပ်ရှင်းလိုက်တာပါ။”ဟု Kyaukse Revolution Army-KRAတပ်ဖွဲ့၏ တာဝန်ခံ ကိုလက်ရာက ပြောသည်။

အဆိုပါ စစ်မှုထမ်းဟောင်းသည် ယခင်က ဒုအရာခံဗိုလ်တစ်ဦးဖြစ်ပြီး ပင်စင်ယူပြီးမှ စစ်ကောင်စီတပ်၌ ပြည်သူ့စစ်အမာခံအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရင်း ပြည်သူများအား ဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ပစ်ခတ်မှုကို ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် KRAနှင့် ကျောက်ဆည်KDDF၊ ကျောက်ဆည်ဒေါင်းမင်းညီနောင်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့

ပြီး Union Brother -UB ပြည်သူ့အကျိူးဆောင်အဖွဲ့က ကူညီထောက်ပို့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ အုပ်ချူပ်ရေးမှူးများ၊ပျူစောထီးများ ပြည်သူနှင့်အမြန်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သားအမိလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်‌ကြောင့် ပုံစံပျက်သွားသော်လည်း ဖြိုမချဘဲကွန်ကရစ်‌လောင်းထိန်းသိမ်းရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားထားသည့် ‌ကျောက်ဆည်မြို့၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီးသည် ပြိုကျလာမည့်အန္တရာယ်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။