Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီအခက်အခဲကြောင့် ကျောက်ဆည်မှာမီးသင်္ဂြိုဟ်ရင် ဒီဇယ် ၅ဂါလံယူလာရမယ့်အပေါ် နာရေးရှင်တွေ အခက်တွေ့

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

​မတ်- ၂၅၊ ၂၀၂၆ ဟာနာဆန်/People’s Spring

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

​မီးသင်္ဂြိုဟ်စက်ဟာ ယခင်က နာရေးသင်္ဂြိုလ်ဖို့အတွက် နှူန်းထားတစ်ခုနဲ့ ဆောင်ရွက်ပေးခဲ့ပေမဲ့ ယခုအခါ စက်သုံးဆီ ရှားပါးလာတာကြောင့် နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံ ယူလာမှသာ မီးသင်္ဂြိုလ်ပေးတော့မယ်လို့ သိရကြောင်း ဒေသခံအချို့က ပြောပါတယ်။

“တို့မြို့ကမီးသင်္ဂြိုလ်စက်က ဒီဇယ် ၅ ဂါလံယူလာမှ သဂြိုလ်လို့ ရပါမယ်တဲ့။ ပိုင်ရှင်မဲ့နာရေး သင်္ဂြိုလ်ဖို့

Public Service Announcement

Public Service Announcement

ရာသက်ပန်တာဝန်ယူထားလို့ တိတ်တခိုး စိတ်ပူမိတယ်ပေါ့ကွယ်”လို့ ကျောက်ဆည်ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

လောင်စာဆီရှားပါးမှုတွေကြောင့် သုဿန်အချို့မှာ စက်သုံးဆီမသုံးဘဲ တာယာကွင်းတွေအသုံးပြုကာ မီးသင်္ဂြိုလ်နေရတယ်လို့ မန္တလေးတိုင်းထဲက နာရေးကူညီသူအချို့က ပြောပါတယ်။

“ကျွန်တော်တို့ဘက်တော့ တာယာကွင်းနဲ့ရှို့တယ်”လို့ မိတ္ထီလာဒေသခံတစ်ဦးက ပြောပါတယ်။

​အလားတူ ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာလည်း လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မီးသင်္ဂြိုဟ်စက်များ ပုံမှန်မလည်ပတ်နိုင်ဘဲ အလောင်းများ ထပ်နေသည့်အခြေအနေမျိုး ကြုံတွေ့နေရကြောင်း နာရေးပို့ခဲ့သူအချို့က ဆိုပါတယ်။

“”ဒီမှာလည်း တနေ့က နာရေးသွားပို့တာ ရေဝေးမှာ အလောင်းပေါ်ထပ်နေ‌တာပဲ။ မီးမလာတော့ ပုပ်စော်နံ့တွေ ရ‌နေတာ။ တာယာ ကွင်းတွေနဲ့ ရှို့နေတာတော့ မြင်ခဲ့တာပဲ။”လို့ နာရေးပို့သူတစ်ဦးက ပြောပါတယ်။

လောင်စာဆီအခက်အခဲကြောင့် လူမှုရေးအသင်းအဖွဲ့တွေနဲ့ နာရေးရှင်တွေဟာ သေဆုံးသူကို စနစ်တကျ သင်္ဂြိုဟ်နိုင်ဖို့အတွက် လောင်စာဆီကို ခက်ခဲစွာ ရှာဖွေနေရတယ်လို့ သိရပါတယ်။

လက်ရှိ စက်သုံးဆီစျေးတွေဟာ စံချိန်တင်မြင့်တက်နေပြီး စက်သုံးဆီဆိုင်တွေမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ဝယ်ယူနေရပါတယ်။

စစ်ကောင်စီကလည်း လာမယ့်ဧပြီလဆန်းကစပြီး စက်သုံးဆီကို တစ်ပတ် နှစ်ကြိမ်ထက်မပိုတဲ့ ရောင်းချမှုစနစ် ထပ်မံပြောင်းလဲဦးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။