Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မြို့ နေအိမ်မီးလောင်မှု သားအမိလေးဦး သေဆုံး

မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သားအမိလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်မှ နေအိမ်မီးလောင်မှု ဖြစ်စဥ်ကို တွေ့ရစဥ်။ ဓာတ်ပုံ − CJ

မေ ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သားအမိလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့(မေလ ၂၂ရက်) နံနက်စော ၂နာရီခန့်က မီးလောင်မှုအတွင်း နေအိမ်ရှိ မိသားစုဝင်လေးဦးစလုံး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

“အသက်အရွယ်တွေကလည်း ကြီးနေတဲ့သူတွေ ။သေတဲ့သူလေးဦးစလုံးက အမျိုးသမီးချည်းပဲ”ဟု ဒေသခံတစ်ဦးက မီးလောင်မှုကြောင့်သေဆုံးခဲ့ရသူများ၏ အခြေအနေအပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်မြို့မီးသတ်တပ်ဖွဲ့၏ အချက်အလက်အရ မီးလောင်မှုကို နာရီဝက်အတွင်းငြှိမ်းသတ်နိုင်ခဲ့သော်လည်း သေဆုံးသူ လေးဦးရှိခဲ့သည်ဟု ဆိုသည်။

သေဆုံးသူများတွင် အသက်(၉၃)နှစ်အရွယ် ဒေါ်တင်အောင်၊အသက်(၇၅)နှစ်အရွယ် ဒေါ်ထွေးထွေး ၊အသက်(၆၆)နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးနှင့် အသက်(၅၈)နှစ်အရွယ် ဒေါ်ခင်သူဇာတို့ ဖြစ်သည်။

သေဆုံးရုပ်အလောင်းများကို ကျောက်ဆည်ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားကြောင်းလည်း မီးသတ်က အသိပေးသည်။ သို့သော် မီးလောင်မှု ဖြစ်ပွားရသည့်အခြေအနေကိုမူ ဖော်ပြခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်‌ကြောင့် ပုံစံပျက်သွားသော်လည်း ဖြိုမချဘဲကွန်ကရစ်‌လောင်းထိန်းသိမ်းရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားထားသည့် ‌ကျောက်ဆည်မြို့၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီးသည် ပြိုကျလာမည့်အန္တရာယ်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သတင်း

ငလျင်ဘေးဒဏ်သင့် မန္တလေးတိုင်းက မြို့နယ်အချို့မှာ နေ့အပူချိန်မြင့်တက်နေပြီး Heat Stroke(အပူရှပ်)ဖြစ်လို့ လူသေဆုံးမှုတွေ ရှိလာသလို ဆေးရုံတက်လူနာတွေလည်းများပြား လာပါတယ်။