Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မရ

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

ကျောင်းလာကြတဲ့ ကျောင်းသားကျောင်းသူတချို့။ဓာတ်ပုံ - CJ

နိုဝင်ဘာ-၅၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

ကျောက်ဆည်တက္ကသိုလ်မှာ ယခုနိုဝင်ဘာလအတွင်းဖွင့်လှစ်မယ့် အဝေးသင်အနီးကပ်သင်တန်းတွေမှာ ကျောင်းသူတွေအနေနဲ့ မြန်မာဝတ်စုံတမျိုးတည်းသာ ဝတ်ဆင်ကြဖို့နဲ့ အခြားဝတ်စုံ ဝတ်လာရင် ကျောင်းထဲဝင်ခွင့်မပေးဖို့ တက္ကသိုလ်ကနေ ထုတ်ပြန်ထားကြောင်း ကျောင်းသူတွေက ပြောပါတယ်။

“အခုမှ ဖြစ်သွားတာ။ အရင်အသုတ်တွေက ဘောင်းဘီဝတ်လို့ရတယ်။ ဒီနေ့သွားတာ ဘောင်းဘီအပွနဲ့အင်္ကျီလက်ရှည်တောင် မဝင်ရဘူးတဲ့။ ပြန်လှည့်ခိုင်းတာ”လို့ ကျောင်းသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ အဝေးသင် အနီးကပ်သင်တန်းတချို့မှာ ကျောင်းသူတဦးက နောက်ကွဲအင်္ကျီနဲ့ Tiktok ဆော့ခဲ့တာကြောင့် ကန့်သတ်လိုက်တာဖြစ်နိုင်ကြောင်း ကျောင်းသူတွေက ပြောပါတယ်။

အခုလို မြန်မာဝတ်စုံသာဝတ်ဖို့ ကန့်သတ်လိုက်တာကြောင့် ကျောင်းသူအများစုဟာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

“မိန်းကလေးဆယ်ယောက်မှာ ရှစ်ယောက်လောက်က မြန်မာဝတ်စုံသိပ်ပါခဲ့ကြတာမဟုတ်ဘူး။ ဘောင်းဘီရှည်၊ စကတ်ရှည်ဝတ်လို့ရတယ်ဆိုလို့ လေးငါးစုံလောက်ပဲပါလာတာ။ စာမေးပွဲဖြေမယ့်အချိန်ပဲ မြန်မာဝတ်စုံဝတ်ဖို့ကန့်သတ်သင့်တယ်ထင်တာပဲ။”လို့ အခြား ကျောင်းသူတဦးက ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ထိန်းချုပ်မှုအောက်မှာ စာမသင်ကြဖို့ တိုက်တွန်းတာတွေရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ဒေသတချို့က တက္ကသိုလ်တွေမှာ ကျောင်းတက်သူတွေ ပြန်များလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တချို့ကလည်း စစ်မှုထမ်းရှောင်ဖို့အတွက် ကျောင်းပြန်တက်လိုက်ရသူတွေလည်း ရှိတယ်လို့ ကျောင်းသား၊ ကျောင်းသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစိုးရဆီက အင်အားသုံး ဖြိုခွင်းမှုတွေ ရှိမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့တိုင် အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေက နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေကို လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ကင်းဝေးစေရေး ရည်ရွယ်ပြီး ကွန်ဒုံးတွေ ထောက်ပံ့ ဝေငှတဲ့ အစီအစဉ်တစ်ခု စတင်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သားအမိလေးဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။