Connect with us

Hi, what are you looking for?

သတင်း

အယုဒ္ဓယက​ဆောက်လုပ်​ရေးလုပ်ငန်းခွင်မှာ တရားမဝင် မြန်မာလုပ်သား၂၇၀ ကျော် အဖမ်းခံ

ထိုင်းနိုင်ငံ အယုဒ္ဓယ ပြည်နယ်ထဲက ​ဆောက်လုပ်​ရေးလုပ်ငန်းခွင် တစ်ခုမှာ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၇၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအရာရှိများနှင့် ဖမ်းဆီးခံရ​သောမြန်မာလုပ်သားများ။ ဓါတ်ပုံ- Bangkok Post

ထိုင်းနိုင်ငံ အယုဒ္ဓယ ပြည်နယ်ထဲက ​ဆောက်လုပ်​ရေးလုပ်ငန်းခွင် တစ်ခုမှာ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၇၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

အယုဒ္ဓယမှာရှိတဲ့ ယူထိုင်ခရိုင်ထဲမှာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကို စီးနင်းခဲ့ပြီး တရားမဝင် မြန်မာလုပ်သား ၂၇၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲက မြန်မာ အမျိုးသား တစ်ဦးက သူဟာ နောက်ထပ် မြန်မာ အယောက် ၃၀၀ လောက်နဲ့အတူ တက်ခ်ဒေသထဲမှာရှိတဲ့ မဲဆောက်မြို့ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေဆီ ထွက်ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အတွက် ပွဲစားတွေကို ခရီးစရိတ် ဘတ် ၂၀၀၀၀ အပြင် တခြားအဖိုးအခတွေ ပေးချေခဲ့ရတယ်လို့လည်း အဲဒီ အမျိုးသားက ပြောပြခဲ့ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာတော့ အလုပ်ကြမ်းအတွက် တစ်နေ့ကို ဘတ် ၅၀၀ နဲ့ လုပ်ငန်းကျွမ်းကျင် အဆင့်တွေအတွက် တစ်နေ့ကို ဘတ် ၆၀၀ စီ ရရှိတယ်လို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကတော့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ကျပ်တည်းလာတဲ့ ဘဝ အခြေအနေတွေအရ ထိုင်းကို ခိုးဝင်ပြီး အလုပ်လုပ်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိဘူးလို့ ဖွင့်ဟခဲ့ကြပါတယ်။

ဒေသခံ ထိုင်းအရာရှိတစ်ဦးကတော့ အဲဒီဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဝင်ရောက် စီးနင်းပြီး တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေခဲ့ဖူးကြောင်း ပြောပါတယ်။ လက်ရှိ အဖမ်းခံရတဲ့ မြန်မာလုပ်သား အားလုံးဟာ တရားစွဲဆိုပြီး နေရပ်ပြန်ပို့တာ ခံရဖွယ် ရှိတယ်လို့လည်း အဲဒီ အရာရှိက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။