Hi, what are you looking for?
ရန်ကုန်မြို့၌ မူးယစ်ဂိုဒေါင်ဖမ်းဆီးရမိမှုတွင် အာရက္ခတပ်တော်(AA)၏ စီးပွားရေးတာဝန်ခံက စီမံနေကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ အရေးနိမ့်နေသောအချိန်များတွင် စစ်အစိုးရအဆက်ဆက်လုပ်နေကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေးယုတ်မာမှုဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။
မတ်-၁၉၊၂၀၂၅။ People’s Spring စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက မတ်လ (၁၈/၁၉) ရက်နေ့များ၌ ဖော်ပြခဲ့သော မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ အာရက္ခတပ်တော်(AA)နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း ULA/ AAက မတ်လ ၁၉ ရက်ညတွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်နေပြီး...
ရန်ကုန်- မန္တလေးအမြန်လမ်းမှာ မန္တလေးဘက်က နေ မိတ္ထီလာဘက်ကို စစ်ကောင်စီရဲတွေမောင်းနှင်းလာတဲ့ ရဲကား ၁စီး နဲ့ အိမ်စီးကား ၂ စီ စုစုပေါင်း ၃စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ၅ဦးထပ်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၄-၁၀ တာဝန်ရှိသူကပြောပါတယ်။