Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီဆို

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ၃ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဇူလိုင် ၂၄ နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ဇူလိုင် – ၂၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ၃ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဇူလိုင် ၂၄ နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကစပြီး ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ကိုဆက်သွယ်ထားတဲ့ကော့ကရိတ်ကားလမ်းပိုင်းကို စိုးမိုးဖို့အတွက် KNU ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရာအဲဒီလမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ကာကင်း စခန်း နဲ့ ဂိတ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လမ်းပိုင်းတလျှောက်ကိုလည်း ထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ KNU ပူးပေါင်းတပ်တွေဟာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိက အချက်အချာကျတဲ့ အာရှလမ်းမကြီးနဲ့ ကော့ကရိတ်မြို့ ၊ ကျုံဒိုးမြို့တွေကို အပြီးပိုင်သိမ်းပိုက်နိုင်ဖို့အတွက် လမ်းကြောင်း ၅ ကြောင်းကနေ ဝင်ရောက်လာပြီး အပြင်းအထန်တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကာလ ၃ လကျော်အတွင်း တိုက်ပွဲကြီး၊တိုက်ပွဲငယ်အကြိမ်ပေါင်း ၉၀ နီးပါး ဖြစ်ပွားခဲ့ပြီး မနေ့ ဇူလိုင် ၂၄ ရက်နေ့မှာ ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ဒါပေမယ့်စစ်ကောင်စီတပ်ရဲ့အထိအခိုက်အကျဆုံးစာရင်းကိုတော့ မဖော်ပြထားပါဘူး။

ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်ထားချက်အရ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတလျှောက် ၃ လကျော်ကြာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်သွားနိုင်တဲ့အပေါ် ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း အတည်ပြုထားပြီး ရာသီဥတုအခြေအနေကြောင့် စစ်ရေးဖော်ဆောင်မှုအပိုင်းမှာ အခက်အခဲရှိနေတဲ့အတွက် စစ်တပ်က လမ်းပိုင်းကို ပြန်လည်သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်က ကျေးရွာတွေကိုသာ ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် အတွင်းပိုင်းရွာတွေဘက်မှာတော့ ထိန်းချုပ်လို့ မရနိုင်သေးဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတလျှောက်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ရဲ့ အကူအညီရယူပြီးမြေပြင်ကနေစစ်ကြောင်းထိုးတာတွေသာမကလက်နက် ကြီးအပြင် လေကြောင်းနဲ့ စစ်သင်္ဘောကနေ ပစ်ကူပေးတာတွေလည်း အပြင်းအထန် လုပ်ဆောင်ခဲ့တာပါ။

ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက် အာရှလမ်းမကြီးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပြောဆိုလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။