Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ကသာမြို့ဘက် ဆက်ထွက်ခွာ၊ မြစ်ကြောင်းတလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီး ညအိပ်ရပ်နားခဲ့သည့် စစ်ကောင်စီ၏ သင်္ဘောအုပ်စုသည် ယနေ့ ဇူလိုင် ၂၅ရက် နံနက်တွင် ကသာမြို့ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ်အချို့ကပြော သည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ တစ်စီးအား ဇူလိုင်၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဌေးကိုကို

ဇူလိုင် -၂၅၊၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီး ညအိပ်ရပ်နားခဲ့သည့် စစ်ကောင်စီ၏ သင်္ဘောအုပ်စုသည် ယနေ့ ဇူလိုင် ၂၅ရက် နံနက်တွင် ကသာမြို့ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ်အချို့ကပြော သည်။

မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်း အတိုင်းဆန်တက်လာသည့် စစ် သင်္ဘောအုပ်စုသည် ဇူလိုင် ၂၄ရက်တွင် ထီးချိုင့်မြို့သို့ဆိုက်ရောက်ခဲ့ပြီး သင်္ဘောအချို့ပေါ်မှ လက်နက်ခဲယမ်းများ ချခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

” မနေ့ညက ထီးချိုင့်မှာ အိပ်တဲ့သင်္ဘောတွေက ကသာကို ဆက်ဆန်သွားပြီ။လမ်းမှာတော့ မနေ့ကလောက်တော့ တအားပစ်မသွားဘူး။ ပုံမှန်အတိုင်း ပစ်သွားတယ်”ဟု ထီးချိုင့်ဒေသ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘောအုပ်စုသည် ယမန်နေ့က ထီးချိုင့်မြို့အဝင်တွင် သင်္ဘောများပေါ်မှ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် မြစ်ကမ်းဘေးသို့ ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံ ထိခိုက်သေဆုံးမှုများ မကြားရသေးဟု ထီးချိုင့်ဒေသ သတင်းရင်းမြစ်က ပြောသည်။

Tigyaing Revolution ၏ စစ်င်္ဘောများအခြေအနေ အသိပေးချက်တွင် စစ်သင်္ဘောများသည် ယနေ့နံနက် ၆နာရီခန့်တွင် ထီးချိုင့်မြို့မှ အထက်သို့ ဆန်တက်သွားရာ ၉နာရီခန့်တွင် ကျောက်မှော်ကျော်ပြီး နတ်အင်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိဟု ဆိုသည်။

စစ်ကောင်စီက သင်္ဘောအုပ်စု သွားလာလမ်းတလျှောက်လက်နက်ကြီး၊ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိ၍ တော်လှန်ရေးတပ်ဖွဲ့များကလည်း မြစ်ကမ်းနားအနီး နေထိုင်သူများ စစ်ရေးသတိရှိရန် နှိုးဆော်ထားသကဲ့သို့ လိုအပ်ပါက ရွှေ့ပြောင်းရန် ကြေညာချက်များ ထုတ်ပြန်ထားသည်။

ရွှေကူKPDFကလည်း ယနေ့ (ဇူလိုင် ၂၅ရက်)တွင် နှိုးဆော်ချက် ထုတ်ပြန်ထားရာ ပြည်သူများအနေဖြင့် ဧရာဝတီမြစ်ကြောင်းအတွင်း စစ်ကောင်စီသင်္ဘာများနှင့် နီးကပ်စွာ သွားလာလှုပ်ရှားခြင်း၊ စုန်/ဆန် ကူးသန်းသွားလာခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။

ထို့ပြင်ပြည်သူများအနေဖြင့် စစ်ကောင်စီသင်္ဘောများဆိုက်ကပ်ရာ ဆိပ်ကမ်းနှင့် အနီးဝန်းကျင်နေရာများ၌ နေထိုင်ခြင်း၊ သွားလာလှုပ်ရှားခြင်း မပြုလုပ်ကြရန်နှင့် စစ်ကောင်စီယာဉ်တန်းများ၊ စစ်ကြောင်းများကို ဝေးစွာရှောင်ရှား၍ အန္တရာယ်ကင်းရှင်းရေး၊လုံခြုံရေးကို အထူးဂရုပြုကြရန် တိုက်တွန်းထားသည်။

စစ်သင်္ဘောအုပ်စုသည် မန္တလေးမြို့မှ ဆန်တက်လာစဉ် သပိတ်ကျင်းမြို့နယ်အရောက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့ထိခိုက်ပျက်စီးပြီး အနည်းဆုံး ၁စီးနစ်မြုပ်ခဲ့သည်။ ထီးချိုင့်မြို့နယ်အတွင်တွင် စစ်သင်္ဘောများတိုက်ခိုက်ခံရခြင်းမရှိသေး၍ ထီးချိုင့်နှင့် ကသာမြို့နယ်အကြား အခြေအနေများကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။