Connect with us

Hi, what are you looking for?

သတင်း

NUGက ကနီမြို့နယ်မှ တရားသူကြီးလေးဦးအား တာဝန်မှရပ်စဲ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊တရားရေးဌာန၏ကနီမြို့နယ်မှတရားသူကြီးလေးဦးအား တာဝန်မှရပ်စဲပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ

ဇူလိုင်-၂၅၊၂၀၂၅။လူအေး/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊တရားရေးဌာန၏ကနီမြို့နယ်မှတရားသူကြီးလေးဦးအား တာဝန်မှရပ်စဲပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

“NUG သမ္မတရုံးကနေယာယီသမ္မတလက်မှတ်နဲ့လာတာပါ။ လေးဦးစလုံးတာဝန်ကရပ်စဲလိုက်တာ။ ဘာကြောင့်လဲမသိရသေးဘူး။ ဒါပေမယ့် အမှုတွေ ကြန့်ကြာတာတွေ၊ ဥပဒေနဲ့ မညီတာတွေရှိတယ်လို့ သတင်းတွေထွက်နေတာကြာပါပြီ”ဟုကနီမြို့ခံတဦးကပြောသည်။

ယင်းမာပင်ခရိုင်တွင်ပါဝင်သောကနီမြို့နယ်တွင် NUG၊ တရားရေးဌာနက တရားသူကြီးလေးဦးခန့်အပ်ထားသည်။ ထိုလေးဦးသည် သဘောထားခြင်းတိုက်ဆိုင်မှုမရှိသလိုပုဂ္ဂိုလ်ရေးအရအဆင်မပြေမှုများရှိနေသည်ဟုဆိုကာအချင်းချင်းတိုင်ကြားထားကြောင်းလည်းတရားရေးဌာနနှင့်နီးစပ်သူတဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက”အဆင်မပြေကြဘူး။ ရုံးထိုင်တာတောင်နှစ်ရုံးခွဲပြီးထိုင်တာလို့ကြားတယ်”ဟုပြောသည်။

NUGအစိုးရက ထိန်းချုပ်မြို့နယ်များတွင်တစ်မြို့နယ်လျှင် တရားသူကြီးသုံးဦး မှ ငါဦးအထိ ခန့်အပ်သည်။ ခန့်အပ်ရာ၌ မြို့နယ်အပဖတာဝန်ခံကို အမည်စာရင်းတင်သွင်းပြီး ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွှန်ချုပ်က ကနဦးစစ်ဆေးစိစစ်ကာ တရားရေးဌာနဝန်ကြီးဆီ တင်ပြရသည်။ တရားရေးဌာနဝန်ကြီးက NUG အစိုးရယာယီသမ္မတထံ တင်ပြပြီး ယာယီသမ္မတက အတည်ပြုခန့်အပ်သည်။ ယခုလည်း ကနီမြို့နယ်မှတရားသူကြီးလေးဦးအား ယာယီသမ္မတ လက်မှတ်ဖြင့် ဇူလိုင်(၁၇)ရက်တွင် တာဝန်မှရပ်စဲလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့သိတဲ့ မုဒိမ်းမှုဆိုရင် ၁နှစ်ကျော်ပြီ။ အမိန့်မချနိုင်သေးဘူး။နောက်ပြီးအဂတိတွေရှိတယ်လို့ ကြားပါတယ်”ဟုမြို့ခံတဦးကပြောသည်။

တရားသူကြီးလေးဦးအား တာဝန်မှရပ်စဲမှုနှင့် အစားထိုးခန့်အပ်မည့် အခြေအနေများကို မေးမြန်းရန် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအားဖုန်းဆက်သော်လည်း ဆက်သွယ်မရသေးပေ။အလားတူNUG ဪတရား​ရေးဌာနကိုဆက်သွယ်ရန်ကြိုးစား​သော်လည်းဆက်သွယ်မရသေးပါ။

စစ်ကိုင်းတိုင်းသည် NUGအစိုးရထိန်းချုပ်ဒေသအများဆုံး​ဒေသဖြစ်ပြီး စုစု‌ပေါင်း ၃၇ မြို့နယ်အနက် ၂၉ မြို့နယ်၌ တရားရေးဌာနများဖွင့်လှစ်ထားသည်။ NUG က ​တော်လှန်​ရေး​​​အောင်မြင်​​ရေးအရှိန်မြှင့်တင်ရန် နှင့် ယခုထက်ပိုမိုပြုပြင်​ပြောင်းလဲ​ရေးများပြုလုပ်မည်ဟု ဝန်ကြီးအချို့က ​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။