Hi, what are you looking for?
လီလီယန်/People’s Spring မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှုလုံခြုံရေးလုံးဝ မရှိဘဲ နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေးကိစ္စအား ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက်ရှိသော (၆၃) ကြိမ်မြောက်လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပြီး...
သတိုး / People’s Spring ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ယနေ့(ဖေဖော်ဝါရီ ၂ ရက်နေ့) နံနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုသောနေ့ နှစ်ပတ်လည်နေ့ဖေဖော်ဝါရီ ၁၂ ရက်နေ့နံနက်တွင်ဖားကန့်မြို့ရှိဈေးတစ်ခု၌ မှော်လှည့်သပိတ်စစ်ကြောင်းရဲဘော်များက ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ “မတရားမှုမှန်သမျှ ရတဲ့နည်းနဲ့ဆန့်ကျင်ကြ” ၊”ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ”...