Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူဝင်ပြိုင်ဖြစ်ရင် ရီပတ်ဘလစ်ကန်ပါတီ နိုင်ခဲ့မှာလို့ ထရမ့်ပြော

အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူသာ ဝင်ပြိုင်ဖြစ်ခဲ့ရင် သူ့ပါတီက ကျိန်းသေပေါက် သောင်ပြိုကမ်းပြို အနိုင်ရလိမ့်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူသာ ဝင်ပြိုင်ဖြစ်ခဲ့ရင် သူ့ပါတီက ကျိန်းသေပေါက် သောင်ပြိုကမ်းပြို အနိုင်ရလိမ့်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲရဲ့ ကနဦး ရလဒ်တွေအရ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ လွှတ်တော်နှစ်ရပ်လုံးမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ အသာစီး ရမှုတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ကျိန်းသေသလောက် ဖြစ်လာပါတယ်။ ဒါဟာ အိမ်ဖြူတော်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အားလုံးကို ဆက်ထိန်းချုပ်ထားဖို့ မျှော်လင့်နေပြီး ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။

ထရမ့်ကိုယ်တိုင်ကတော့ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မလိုသလို သမ္မတ ရာထူးမှာ ၂၀၂၉ နှစ်ဆန်းပိုင်းထိ ဆက်ရှိနေမှာပါ။

သူက သက်တမ်းဝက် ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ အသာစီး ရသွားတဲ့ အခြေအနေကို လက်ခံလိုက်တဲ့ သဘောမျိုး ပြောပေမယ့် ရီပတ်ဘလစ်ကန် ပါတီအတွက် ယှဉ်ပြိုင်သူတွေ စာရင်းမှာ သူ့နာမည်သာ ပါခဲ့ရင် ပါတီက သောင်ပြိုကမ်းပြို အနိုင်ရနိုင်လောက်ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

New York Timesနဲ့ အင်တာဗျူးမှာ ထရမ့်က သူဟာ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမှာ ဖြစ်တဲ့အကြောင်း၊ လွှတ်တော်ထဲက ဒီမိုကရက်တစ် အမတ်တွေနဲ့ လက်တွဲ အလုပ်လုပ်ဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် ပါတီဟာ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရလဒ်ကောင်းစေဖို့ အင်တိုက်အားတိုက် မဲဆွယ်မှုတွေ လုပ်ခဲ့ပေမယ့် အရေးပါတဲ့ ပြည်နယ် အမတ်နေရာ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ သမ္မတရာထူး ပထမဆုံး ၂ နှစ်တာအတွင်း သူ့ရဲ့ မူဝါဒတွေအပေါ် လူထုထောက်ခံနှုန်း သိသိသာသာ ကျဆင်းလာခြင်းကလည်း ရီပတ်ဘလစ်ကန် ပါတီရဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် သက်ရောက်မှုတွေ ရှိလာစေခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော်မှာ အများခန့်မှန်းထားသလိုပဲ ဒီမိုကရက်တစ် ပါတီက အနိုင်ရတာ သေချာသွားပြီ ဆိုရင်တော့ လက်ရှိ အောက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ဟာကင်မ် ဂျက်ဖရီစ်ဟာ အမေရိကန် သမိုင်းတလျှောက်မှာ ပထမဆုံး လူမည်း လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

Facebook