Connect with us

Hi, what are you looking for?

သတင်း

ဓနုတပ် DPLAကို TNLA လက်နက်တပ်ဆင်ပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ်(၆)စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၂၁ရက်က ပြုလုပ်ခဲ့ရာ တအာင်းတပ်မတော်(TNLA)က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ DPLF/DPLA)ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) အပတ်စဉ်(၆)စစ်သင်တန်းဆင်းပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ − ထွန်းထွန်းနိုင်

ဇွန်-၂၄၊ ၂၀၂၅။ People’s Spring

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ်(၆)စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၂၁ရက်က ပြုလုပ်ခဲ့ရာ တအာင်းတပ်မတော်(TNLA)က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ DPLF/DPLA)ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ဓနုဒေသအတွင်းရှိ ပြည်သူလူထုတွေ ကာကွယ်နိုင်ဖို့ ၊ ရန်သူကို အမြဲသတိထားတတ်‌စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိ‌စေဖို့တို့ကို အဓိကထားပြီး အချိန်ကာလ သုံးလကျော်ကြာ စစ်သင်တန်းပေးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က ထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဓနု‌ဒေသအတွင်းက ပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားကြဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ ဘယ်လိုအခြေနေမှာဖြစ်စေ စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြဖို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဓနုတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ကျောက်ဂူဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုဒေသတွေမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ တပ်ဖြစ်ပါတယ်။

လတ်တလော နောင်ချိုဒေသမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။