Connect with us

Hi, what are you looking for?

သတင်း

ဒေသခံသတ်ဖြတ်မှုတွေမှာ ပါဝင်သူ တောင်သာပျူခေါင်းဆောင်နဲ့ဇနီး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပန်းပေါင်းရွာကို သေနတ်ဖောက်စရာမလိုဘဲ သိမ်းခဲ့တယ်လို့ ကြွေးကြော်ပြီး ဒရုန်းချကာ ဒေသခံတွေကို စီးနင်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူ ပျူစောထီးခေါင်းဆောင် ပြည့်ဖြိုးမောင်နဲ့ ဇနီး မနေ့(နိုဝင်ဘာ ၃ရက်)ညနေက မြို့နယ်ရဲစခန်းဘေးမှာတင် သတ်ဖြတ်ခံလိုက်ရတယ်လို့ ‌‌ ဒေသခံတွေက ပြောပါတယ်။

(တောင်သာနယ်ပျူစောထီးခေါင်းဆောင်ပြည့်ဖြိုးမောင်ကို တွေ့ရစဥ်)

နိုဝင်ဘာ-၄၊ ၂၀၂၆။ ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပန်းပေါင်းရွာကို သေနတ်ဖောက်စရာမလိုဘဲ သိမ်းခဲ့တယ်လို့ ကြွေးကြော်ပြီး ဒရုန်းချကာ ဒေသခံတွေကို စီးနင်းသတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူ ပျူစောထီးခေါင်းဆောင် ပြည့်ဖြိုးမောင်နဲ့ ဇနီး မနေ့(နိုဝင်ဘာ ၃ရက်)ညနေက မြို့နယ်ရဲစခန်းဘေးမှာတင် သတ်ဖြတ်ခံလိုက်ရတယ်လို့ ‌‌ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၃ရက် ညနေ ၅နာရီခန့်က တောင်သာမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ မြို့တော်ခန်းမဘေးက ဘီယာဆိုင်မှာ ပျူခေါင်းဆောင်ပြည့်ဖြိုးမောင်နဲ့ သူ့ဇနီးတို့ ဘီယာ သောက်နေစဉ် တောင်သာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(TTA)အဖွဲ့က ဝင်ရောက်ပစ်ခတ်သွားတာလို့ သိရပါတယ်။

တောင်သာပျူစောထီး ခေါင်းဆောင် ပြည့်ဖြိုးမောင်ဟာ ၂၀၂၆ခုနှစ် ဧပြီက တောင်သာမြို့နယ်၊ ပန်းပေါင်းရွာကို ဝင်ရောက်စီးနင်းပစ်ခတ်ရာမှာ ပါဝင်ခဲ့ပြီး အဲဒီတုန်းက ပစ်ခတ်မှုမှာ ဒေသခံ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ၂၀၂၁ခုနှစ်ကတည်းက ပျူစောထီးအဖွဲ့ဝင်ဖြစ်ခဲ့ပြီး တောင်သာက ဒေသခံတွေအပါအဝင် နိုင်ငံအနှံ့က စစ်အုပ်စုဆန့်ကျင်သူတွေကို ဖမ်းဆီးဖို့လှုံ့ဆော်မှု ပြုလုပ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

“ဒေသခံတွေဖမ်းဆီးပြီး နှိပ်စက်တဲ့ နေရာမှာလည်း ဒီကောင်က နာမည်ကြီးတယ်။ စစ်သားထပ်တောင် ပိုစိမ်းသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပျူခေါင်းဆောင်ပြည့်ဖြိုးမောင်ဟာ စစ်အုပ်စုက မြင်းခြံ-တောင်သာနယ်တကြောကို နယ်မြေပြန်လည်စိုးမိုးဖို့ ဒရုန်းတွေနဲ့ စစ်ကြောင်းထိုးချိန် ၂၀၂၅ခုနှစ် ဩဂုတ်ကတည်းက ကျေးရွာတွေကို စီးနင်း၊မီးရှို့ဖျက်ဆီးမှုမှာပါဝင်ခဲ့သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TTAတပ်ဖွဲ့ကတော့ ပျူခေါင်းဆောင်ရှင်းလင်းမှုနဲ့ပတ်သက်ပြီး ပြည့်ဖြိုးမောင်ဟာ တောင်သာမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး ၂၀၂၁ အာဏာသိမ်းစကတည်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရတဲ့ တောင်သာမြို့နယ်သူ/သား များအား စစ်ကြောရေးမှာ အရက်စက်ဆုံး စစ်ဆေးခဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်စစ်ဆေးမှုများကို စကစရဲ့ စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး ဝဏ္ဏဌေးနဲ့အတူ ပူးပေါင်းကာ မြို့ခံပြည်သူများအား နှိပ်စက်သတ်ဖြတ်မှုတွေမှာ အမြင့်ဆုံးပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နယ်မြေအတွင်းစစ်ကြောင်းထိုးရာမှာ ဦးဆောင်ပါ၀င်ခဲ့သလို ဖမ်းဆီးခံPDFရဲဘော်များအပေါ် နှိပ်စက်မှုပေါင်းစုံနဲ့ နာမည်ဆိုးဖြင့်ကျော်ကြားသူလည်း ဖြစ်တယ်လို့ TTA တပ်ဖွဲ့က ဖော်ပြထားပါတယ်။

အထက်ပါဖြစ်စဥ်နဲ့ပတ်သက်ပြီး TTAအဖွဲ့ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းနေပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

Facebook